1 ငါတို့အစွမ်းသတ္တိတည်းဟူသော ဘုရားသခင်အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသောအသံကို ပြုကြလော့။ 2 တူရိယာမျိုးကို ဆောင်ကြ။ ပတ်သာကိုလည်းကောင်း၊ သာယာသောစောင်းနှင့် တယောကိုလည်းကောင်း ယူခဲ့ကြ။ 3 လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။တော၊ ၁၀:၁၀။4 ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။ 5 နားမလည်သောစကားကို ကြားရာအရပ်၊ အဲဂုတ္တုပြည်တစ်ဖက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။
6 ငါသည် သူ၏ပခုံးကို ဝန်နှင့်လွတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်းတို့အထဲက နုတ်ယူ၏။ 7 သင်သည် ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသောမိုးကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။ထွ၊ ၁၇:၇။ တော၊ ၂၀:၁၃။8 ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင်ပါစေသော။ 9 သင်၌ တစ်ပါးအမျိုး၏ဘုရားမရှိရ။ တစ်ကျွန်းတစ်နိုင်ငံဘုရားကို မကိုးကွယ်ရ။ထွ၊ ၂၀:၂-၃၊တရား၊ ၅:၆-၇။10 ငါသည်သင့်ကို အဲဂုတ္တုပြည်မှကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။ 11 ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။ 12 ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
13 ငါ၏လူစုသည် ငါ့စကားကိုနားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။ 14 လိုက်လျှင် ငါသည် သူတို့ရန်သူများကို အလျင်အမြန်နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ်မည်။ 15 ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲတည်ရသောအခွင့် ရှိကြလိမ့်မည်။ 16 အကောင်းဆုံးသောဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။
To the chief Musician. Upon the Gittith. A Psalm of Asaph.
1 Sing ye joyously unto GodGodHebrew: Elohim our strength, shout aloud unto the GodGodHebrew: Elohim of Jacob; 2 Raise a song, and sound the tambour, the pleasant harp with the lute. 3 Blow the trumpet at the new moon, at the set time, on our feast day: 4 For this is a statute for Israel, an ordinance of the GodGodHebrew: Elohim of Jacob; 5 He ordained it in Joseph for a testimony, when he went forth over the land of Egypt, where I heard a language that I knew not. 6 I removed his shoulder from the burden; his hands were freed from the basket. 7 Thou calledst in trouble, and I delivered thee; I answered thee in the secret place of thunder; I proved thee at the waters of Meribah. Selah.
8 Hear, my people, and I will testify unto thee; O Israel, if thou wouldest hearken unto me! 9 There shall no strange godgodHebrew: el be in thee, neither shalt thou worship any foreign godgodHebrew: el10 I am Jehovah thy GodGodHebrew: Elohim that brought thee up out of the land of Egypt: open thy mouth wide, and I will fill it. 11 But my people hearkened not to my voice, and Israel would none of me. 12 So I gave them up unto their own hearts' stubbornness: they walked after their own counsels. 13 Oh that my people had hearkened unto me, that Israel had walked in my ways! 14 I would soon have subdued their enemies, and turned my hand against their adversaries. 15 The haters of Jehovah would have come cringing unto him; but their time would have been for ever. 16 And he would have fed them with the finest of wheat; yea, with honey out of the rock would I have satisfied thee.