1 Au chef des chantres. De David. Pour souvenir.
2 Ps 40:14, etc.O Dieu, hâte-toi de me délivrer!
Éternel, hâte-toi de me secourir!
3 Ps 35:4,26;71:13.Qu’ils soient honteux et confus, ceux qui en veulent à ma vie!
Qu’ils reculent et rougissent, ceux qui désirent ma perte!
4 Qu’ils retournent en arrière par l’effet de leur honte,
Ceux qui disent: Ah! Ah!
5 Que tous ceux qui te cherchent
Soient dans l’allégresse et se réjouissent en toi!
Que ceux qui aiment ton salut
Disent sans cesse: Exalté soit Dieu!
6 Moi, je suis pauvre et indigent:
O Dieu, hâte-toi en ma faveur!
Tu es mon aide et mon libérateur:
Éternel, ne tarde pas!
ကူမတော်မူရန်ဆုတောင်း
"အောက်မေ့စေခြင်းငှာ စပ်ဆိုသောဆာလံ။"
1 အိုဘုရားသခင်၊ အကျွန်ုပ်ကို နုတ်ယူတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ 2 အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ 3 အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရကြပါစေသော။ 4 ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည်၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော။ 5 အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ဆိုင်းလင့်တော်မမူပါနှင့်။