1 תְּ֭פִלָּה לְעָנִ֣י כִֽי־יַעֲטֹ֑ף וְלִפְנֵ֥י יְ֝הוָ֗ה יִשְׁפֹּ֥ךְ שִׂיחֽוֹ׃ 2 יְ֭הוָה שִׁמְעָ֣ה תְפִלָּתִ֑י וְ֝שַׁוְעָתִ֗י אֵלֶ֥יךָ תָבֽוֹא׃ 3 אַל־תַּסְתֵּ֬ר פָּנֶ֨יךָ ׀ מִמֶּנִּי֮ בְּי֪וֹם צַ֫ר לִ֥י הַטֵּֽה־אֵלַ֥י אָזְנֶ֑ךָ בְּי֥וֹם אֶ֝קְרָ֗א מַהֵ֥ר עֲנֵֽנִי׃ 4 כִּֽי־כָל֣וּ בְעָשָׁ֣ן יָמָ֑י וְ֝עַצְמוֹתַ֗י כְּמוֹ־קֵ֥ד נִחָֽרוּ׃ 5 הוּכָּֽה־כָ֭עֵשֶׂב וַיִּבַ֣שׁ לִבִּ֑י כִּֽי־שָׁ֝כַ֗חְתִּי מֵאֲכֹ֥ל לַחְמִֽי׃ 6 מִקּ֥וֹל אַנְחָתִ֑י דָּבְקָ֥ה עַ֝צְמִ֗י לִבְשָׂרִֽי׃ 7 דָּ֭מִיתִי לִקְאַ֣ת מִדְבָּ֑ר הָ֝יִ֗יתִי כְּכ֣וֹס חֳרָבֽוֹת׃ 8 שָׁקַ֥דְתִּי וָאֶֽהְיֶ֑ה כְּ֝צִפּ֗וֹר בּוֹדֵ֥ד עַל־גָּֽג׃ 9 כָּל־הַ֭יּוֹם חֵרְפ֣וּנִי אוֹיְבָ֑י מְ֝הוֹלָלַ֗י בִּ֣י נִשְׁבָּֽעוּ׃ 10 כִּי־אֵ֭פֶר כַּלֶּ֣חֶם אָכָ֑לְתִּי וְ֝שִׁקֻּוַ֗י בִּבְכִ֥י מָסָֽכְתִּי׃ 11 מִפְּנֵֽי־זַֽעַמְךָ֥ וְקִצְפֶּ֑ךָ כִּ֥י נְ֝שָׂאתַ֗נִי וַתַּשְׁלִיכֵֽנִי׃ 12 יָ֭מַי כְּצֵ֣ל נָט֑וּי וַ֝אֲנִ֗י כָּעֵ֥שֶׂב אִיבָֽשׁ׃ 13 וְאַתָּ֣ה יְ֭הוָה לְעוֹלָ֣ם תֵּשֵׁ֑ב וְ֝זִכְרְךָ֗ לְדֹ֣ר וָדֹֽר׃ 14 אַתָּ֣ה תָ֭קוּם תְּרַחֵ֣ם צִיּ֑וֹן כִּי־עֵ֥ת לְ֝חֶֽנְנָ֗הּ כִּי־בָ֥א מוֹעֵֽד׃ 15 כִּֽי־רָצ֣וּ עֲ֭בָדֶיךָ אֶת־אֲבָנֶ֑יהָ וְֽאֶת־עֲפָרָ֥הּ יְחֹנֵֽנוּ׃ 16 וְיִֽירְא֣וּ ג֭וֹיִם אֶת־שֵׁ֣ם יְהוָ֑ה וְֽכָל־מַלְכֵ֥י הָ֝אָ֗רֶץ אֶת־כְּבוֹדֶֽךָ׃ 17 כִּֽי־בָנָ֣ה יְהוָ֣ה צִיּ֑וֹן נִ֝רְאָ֗ה בִּכְבוֹדֽוֹ׃ 18 פָּ֭נָה אֶל־תְּפִלַּ֣ת הָעַרְעָ֑ר וְלֹֽא־בָ֝זָ֗ה אֶת־תְּפִלָּתָֽם׃ 19 תִּכָּ֣תֶב זֹ֭את לְד֣וֹר אַחֲר֑וֹן וְעַ֥ם נִ֝בְרָ֗א יְהַלֶּל־יָֽהּ׃ 20 כִּֽי־הִ֭שְׁקִיף מִמְּר֣וֹם קָדְשׁ֑וֹ יְ֝הוָ֗ה מִשָּׁמַ֤יִם ׀ אֶל־אֶ֬רֶץ הִבִּֽיט׃ 21 לִ֭שְׁמֹעַ אֶנְקַ֣ת אָסִ֑יר לְ֝פַתֵּ֗חַ בְּנֵ֣י תְמוּתָֽה׃ 22 לְסַפֵּ֣ר בְּ֭צִיּוֹן שֵׁ֣ם יְהוָ֑ה וּ֝תְהִלָּת֗וֹ בִּירוּשָׁלִָֽם׃ 23 בְּהִקָּבֵ֣ץ עַמִּ֣ים יַחְדָּ֑ו וּ֝מַמְלָכ֗וֹת לַעֲבֹ֥ד אֶת־יְהוָֽה׃ 24 עִנָּ֖ה בַדֶּ֥רֶךְ כחו קִצַּ֥ר יָמָֽי׃ 25 אֹמַ֗ר אֵלִ֗י אַֽל־תַּ֭עֲלֵנִי בַּחֲצִ֣י יָמָ֑י בְּד֖וֹר דּוֹרִ֣ים שְׁנוֹתֶֽיךָ׃ 26 לְ֭פָנִים הָאָ֣רֶץ יָסַ֑דְתָּ וּֽמַעֲשֵׂ֖ה יָדֶ֣יךָ שָׁמָֽיִם׃ 27 הֵ֤מָּה ׀ יֹאבֵדוּ֮ וְאַתָּ֪ה תַ֫עֲמֹ֥ד וְ֭כֻלָּם כַּבֶּ֣גֶד יִבְל֑וּ כַּלְּב֖וּשׁ תַּחֲלִיפֵ֣ם וְֽיַחֲלֹֽפוּ׃ 28 וְאַתָּה־ה֑וּא וּ֝שְׁנוֹתֶ֗יךָ לֹ֣א יִתָּֽמּוּ׃ 29 בְּנֵֽי־עֲבָדֶ֥יךָ יִשְׁכּ֑וֹנוּ וְ֝זַרְעָ֗ם לְפָנֶ֥יךָ יִכּֽוֹן׃
ဒုက္ခရောက်ချိန်ဆုတောင်း
ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရားရှေ့တော်၌ ညည်းတွားမြည်တမ်း၍ ပြုသောပတ္ထနာ။
1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်းအသံသည် ရှေ့တော်သို့ ရောက်ပါစေသော။ 2 ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။ 3 အကြောင်းမူကား၊ အကျွန်ုပ်၏နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။ 4 အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့အထိအခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်းကိစ္စကိုပင် မေ့လျော့တတ်ပါ၏။ 5 ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။ 6 အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့လည်းကောင်း၊ တော၌နေသော ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ 7 အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တစ်ကောင်တည်းနေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။ 8 အကျွန်ုပ်ရန်သူတို့သည် တစ်နေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တစ်ဘက်၌ စော်ကားသောသူတို့သည် အကျွန်ုပ်ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။ 9 စိတ်တော်မပြေ၊ 10 အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ်သည်ပြာကို မုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။ 11 အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
12 အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ 13 ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော်မူသောအချိန် ရောက်ပါပြီ။ 14 ကိုယ်တော်၏ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။ 15 တစ်ပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကိုလည်းကောင်း ကြောက်ရွံ့ကြပါလိမ့်မည်။ 16 ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။ 17 ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ပတ္ထနာကို မှတ်တော်မူလိမ့်မည်။ 18 ထိုအကြောင်းအရာကို နောက်ဖြစ်လတ္တံ့သောလူမျိုးအဖို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတ္တံ့သောလူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ 19-22 ချုပ်ထားသောသူ၏ညည်းတွားသံကို နားထောင်ခြင်းငှာလည်းကောင်း၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာလည်းကောင်း၊ အတိုင်းတိုင်းအပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ သန့်ရှင်းရာဌာနတော်အထွတ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
23 လမ်းခရီး၌ ငါ၏အစွမ်းကိုလျော့စေခြင်းငှာလည်းကောင်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှာလည်းကောင်း ပြုတော်မူသောအခါ၊ 24 ငါလျှောက်သောအချက်ဟူမူကား၊ အို အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအသက်ပျိုစဉ်ပင် ပယ်ရှားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။ 25 ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ 26 ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊ 27 ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။ဟေဗြဲ၊ ၁:၁၀-၁၂။28 ကိုယ်တော်ကျွန်တို့၏ သားမြေးတို့သည်တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။