1 לַמְנַצֵּ֗חַ מִזְמ֥וֹר לְדָוִֽד׃ 2 בְּךָ֖ יְהוָ֣ה חָ֭סִיתִי אַל־אֵב֣וֹשָׁה לְעוֹלָ֑ם בְּצִדְקָתְךָ֥ פַלְּטֵֽנִי׃ 3 הַטֵּ֤ה אֵלַ֨י ׀ אָזְנְךָ֮ מְהֵרָ֪ה הַצִּ֫ילֵ֥נִי הֱיֵ֤ה לִ֨י ׀ לְֽצוּר־מָ֭עוֹז לְבֵ֥ית מְצוּד֗וֹת לְהוֹשִׁיעֵֽנִי׃ 4 כִּֽי־סַלְעִ֣י וּמְצוּדָתִ֣י אָ֑תָּה וּלְמַ֥עַן שִׁ֝מְךָ֗ תַּֽנְחֵ֥נִי וּֽתְנַהֲלֵֽנִי׃ 5 תּוֹצִיאֵ֗נִי מֵרֶ֣שֶׁת ז֭וּ טָ֣מְנוּ לִ֑י כִּֽי־אַ֝תָּה מָֽעוּזִּֽי׃ 6 בְּיָדְךָ֮ אַפְקִ֪יד ר֫וּחִ֥י פָּדִ֖יתָה אוֹתִ֥י יְהוָ֗ה אֵ֣ל אֱמֶֽת׃ 7 שָׂנֵ֗אתִי הַשֹּׁמְרִ֥ים הַבְלֵי־שָׁ֑וְא וַ֝אֲנִ֗י אֶל־יְהוָ֥ה בָּטָֽחְתִּי׃ 8 אָגִ֥ילָה וְאֶשְׂמְחָ֗ה בְּחַ֫סְדֶּ֥ךָ אֲשֶׁ֣ר רָ֭אִיתָ אֶת־עָנְיִ֑י יָ֝דַ֗עְתָּ בְּצָר֥וֹת נַפְשִֽׁי׃ 9 וְלֹ֣א הִ֭סְגַּרְתַּנִי בְּיַד־אוֹיֵ֑ב הֶֽעֱמַ֖דְתָּ בַמֶּרְחָ֣ב רַגְלָֽי׃ 10 חָנֵּ֥נִי יְהוָה֮ כִּ֤י צַ֫ר־לִ֥י עָשְׁשָׁ֖ה בְכַ֥עַס עֵינִ֗י נַפְשִׁ֥י וּבִטְנִֽי׃ 11 כִּ֤י כָל֪וּ בְיָג֡וֹן חַיַּי֮ וּשְׁנוֹתַ֪י בַּאֲנָ֫חָ֥ה כָּשַׁ֣ל בַּעֲוֺנִ֣י כֹחִ֑י וַעֲצָמַ֥י עָשֵֽׁשׁוּ׃ 12 מִכָּל־צֹרְרַ֨י הָיִ֪יתִי חֶרְפָּ֡ה וְלִשֲׁכֵנַ֨י ׀ מְאֹד֮ וּפַ֪חַד לִֽמְיֻדָּ֫עָ֥י רֹאַ֥י בַּח֑וּץ נָדְד֥וּ מִמֶּֽנִּי׃ 13 נִ֭שְׁכַּחְתִּי כְּמֵ֣ת מִלֵּ֑ב הָ֝יִ֗יתִי כִּכְלִ֥י אֹבֵֽד׃ 14 כִּ֤י שָׁמַ֨עְתִּי ׀ דִּבַּ֥ת רַבִּים֮ מָג֪וֹר מִסָּ֫בִ֥יב בְּהִוָּסְדָ֣ם יַ֣חַד עָלַ֑י לָקַ֖חַת נַפְשִׁ֣י זָמָֽמוּ׃ 15 וַאֲנִ֤י ׀ עָלֶ֣יךָ בָטַ֣חְתִּי יְהוָ֑ה אָ֝מַ֗רְתִּי אֱלֹהַ֥י אָֽתָּה׃ 16 בְּיָדְךָ֥ עִתֹּתָ֑י הַצִּ֘ילֵ֤נִי מִיַּד־א֝וֹיְבַ֗י וּמֵרֹדְפָֽי׃ 17 הָאִ֣ירָה פָ֭נֶיךָ עַל־עַבְדֶּ֑ךָ ה֖וֹשִׁיעֵ֣נִי בְחַסְדֶּֽךָ׃ 18 יְֽהוָ֗ה אַל־אֵ֭בוֹשָׁה כִּ֣י קְרָאתִ֑יךָ יֵבֹ֥שׁוּ רְ֝שָׁעִ֗ים יִדְּמ֥וּ לִשְׁאֽוֹל׃ 19 תֵּ֥אָלַ֗מְנָה שִׂפְתֵ֫י שָׁ֥קֶר הַדֹּבְר֖וֹת עַל־צַדִּ֥יק עָתָ֗ק בְּגַאֲוָ֥ה וָבֽוּז׃ 20 מָ֤ה רַֽב־טוּבְךָ֮ אֲשֶׁר־צָפַ֪נְתָּ לִּֽירֵ֫אֶ֥יךָ פָּ֭עַלְתָּ לַחֹסִ֣ים בָּ֑ךְ נֶ֝֗גֶד בְּנֵ֣י אָדָם׃ 21 תַּסְתִּירֵ֤ם ׀ בְּסֵ֥תֶר פָּנֶיךָ֮ מֵֽרֻכְסֵ֫י אִ֥ישׁ תִּצְפְּנֵ֥ם בְּסֻכָּ֗ה מֵרִ֥יב לְשֹׁנֽוֹת׃ 22 בָּר֥וּךְ יְהוָ֑ה כִּ֥י הִפְלִ֘יא חַסְדּ֥וֹ לִ֝֗י בְּעִ֣יר מָצֽוֹר׃ 23 וַאֲנִ֤י ׀ אָ֘מַ֤רְתִּי בְחָפְזִ֗י נִגְרַזְתִּי֮ מִנֶּ֪גֶד עֵ֫ינֶ֥יךָ אָכֵ֗ן שָׁ֭מַעְתָּ ק֥וֹל תַּחֲנוּנַ֗י בְּשַׁוְּעִ֥י אֵלֶֽיךָ׃ 24 אֶֽהֱב֥וּ אֶת־יְהוָ֗ה כָּֽל־חֲסִ֫ידָ֥יו אֱ֭מוּנִים נֹצֵ֣ר יְהוָ֑ה וּמְשַׁלֵּ֥ם עַל־יֶ֝֗תֶר עֹשֵׂ֥ה גַאֲוָֽה׃ 25 חִ֭זְקוּ וְיַאֲמֵ֣ץ לְבַבְכֶ֑ם כָּל־הַ֝מְיַחֲלִ֗ים לַיהוָֽה׃
ယုံကြည်ကိုးစားခြင်းဆုတောင်း
1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 2 အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန်၊ ကယ်နုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်၊ အကျွန်ုပ်လုံခြုံရာရဲတိုက် ဖြစ်တော်မူပါ။ 3 အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဖို့အလို့ငှာ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ပြင်တော်မူပါ။ 4 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဖို့ဝှက်ထားသော ကျော့ကွင်းထဲက အကျွန်ုပ်ကို နုတ်ယူတော်မူပါ။ 5 သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။လု၊ ၂၃:၄၆။6 မုသားအနတ္တကိုဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။ 7 ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်၏ဝိညာဉ်တွေ့သောအမှုကို သိမှတ်တော်မူ၏။ 8 အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်းသောအရပ်၌ နေရာချတော်မူ၏။
9 အိုထာဝရဘုရား၊ အကျွန်ုပ်၌အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကိုသနားတော်မူပါ။ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည်ပျက်ကြပါပြီ။ 10 အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက်နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။ 11 အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သောသူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကိုတွေ့မြင်သောသူတို့သည် ရှောင်၍ပြေးကြပါ၏။ 12 မအောက်မေ့သောအသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ 13 လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ်ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဖွယ်သောအကြောင်းရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏။
14 သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏။ 15 အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ်သော သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 16 မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 17 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပတ္ထနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်း မရှိပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက် မရဏနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။ 18 မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတစ်ဖက်၌ စော်ကားသောစကားကိုပြော၍၊ မုသား၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေသော။
19 ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အဖို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဖို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။ 20 လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှာ ကျိန်းဝပ်တော်မူရာအတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူ၏။ ရန်တွေ့ခြင်းအသံကိုကွယ်ကာလျက်၊ တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။ 21 ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံ့သောမြို့၌ အံ့ဖွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အားထင်ရှားပြတော်မူပြီ။ 22 အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက်ဆိုမိသော်လည်း၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသောပတ္ထနာစကားသံကို ကိုယ်တော် နားထောင်တော်မူသတည်း။
23 ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှားသောသူတို့ကိုကား၊ အပြစ်များစွာ ဆပ်ပေးတော်မူသတည်း။ 24 ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိကြလော့။