1 הַֽלְלוּיָ֨הּ ׀ הוֹד֣וּ לַיהוָ֣ה כִּי־ט֑וֹב כִּ֖י לְעוֹלָ֣ם חַסְדּֽוֹ׃ 2 מִ֗י יְ֭מַלֵּל גְּבוּר֣וֹת יְהוָ֑ה יַ֝שְׁמִ֗יעַ כָּל־תְּהִלָּתֽוֹ׃ 3 אַ֭שְׁרֵי שֹׁמְרֵ֣י מִשְׁפָּ֑ט עֹשֵׂ֖ה צְדָקָ֣ה בְכָל־עֵֽת׃ 4 זָכְרֵ֣נִי יְ֭הוָה בִּרְצ֣וֹן עַמֶּ֑ךָ פָּ֝קְדֵ֗נִי בִּישׁוּעָתֶֽךָ׃ 5 לִרְא֤וֹת ׀ בְּט֘וֹבַ֤ת בְּחִירֶ֗יךָ לִ֭שְׂמֹחַ בְּשִׂמְחַ֣ת גּוֹיֶ֑ךָ לְ֝הִתְהַלֵּ֗ל עִם־נַחֲלָתֶֽךָ׃ 6 חָטָ֥אנוּ עִם־אֲבוֹתֵ֗ינוּ הֶעֱוִ֥ינוּ הִרְשָֽׁעְנוּ׃ 7 אֲב֘וֹתֵ֤ינוּ בְמִצְרַ֨יִם ׀ לֹא־הִשְׂכִּ֬ילוּ נִפְלְאוֹתֶ֗יךָ לֹ֣א זָ֭כְרוּ אֶת־רֹ֣ב חֲסָדֶ֑יךָ וַיַּמְר֖וּ עַל־יָ֣ם בְּיַם־סֽוּף׃ 8 וַֽ֭יּוֹשִׁיעֵם לְמַ֣עַן שְׁמ֑וֹ לְ֝הוֹדִ֗יעַ אֶת־גְּבוּרָתֽוֹ׃ 9 וַיִּגְעַ֣ר בְּיַם־ס֭וּף וַֽיֶּחֱרָ֑ב וַיּוֹלִיכֵ֥ם בַּ֝תְּהֹמ֗וֹת כַּמִּדְבָּֽר׃ 10 וַֽ֭יּוֹשִׁיעֵם מִיַּ֣ד שׂוֹנֵ֑א וַ֝יִּגְאָלֵ֗ם מִיַּ֥ד אוֹיֵֽב׃ 11 וַיְכַסּוּ־מַ֥יִם צָרֵיהֶ֑ם אֶחָ֥ד מֵ֝הֶ֗ם לֹ֣א נוֹתָֽר׃ 12 וַיַּאֲמִ֥ינוּ בִדְבָרָ֑יו יָ֝שִׁ֗ירוּ תְּהִלָּתֽוֹ׃ 13 מִֽ֭הֲרוּ שָׁכְח֣וּ מַעֲשָׂ֑יו לֹֽא־חִ֝כּ֗וּ לַעֲצָתֽוֹ׃ 14 וַיִּתְאַוּ֣וּ תַ֭אֲוָה בַּמִּדְבָּ֑ר וַיְנַסּוּ־אֵ֝֗ל בִּֽישִׁימֽוֹן׃ 15 וַיִּתֵּ֣ן לָ֭הֶם שֶׁאֱלָתָ֑ם וַיְשַׁלַּ֖ח רָז֣וֹן בְּנַפְשָֽׁם׃ 16 וַיְקַנְא֣וּ לְ֭מֹשֶׁה בַּֽמַּחֲנֶ֑ה לְ֝אַהֲרֹ֗ן קְד֣וֹשׁ יְהוָֽה׃ 17 תִּפְתַּח־אֶ֭רֶץ וַתִּבְלַ֣ע דָּתָ֑ן וַ֝תְּכַ֗ס עַל־עֲדַ֥ת אֲבִירָֽם׃ 18 וַתִּבְעַר־אֵ֥שׁ בַּעֲדָתָ֑ם לֶ֝הָבָ֗ה תְּלַהֵ֥ט רְשָׁעִֽים׃ 19 יַעֲשׂוּ־עֵ֥גֶל בְּחֹרֵ֑ב וַ֝יִּשְׁתַּחֲו֗וּ לְמַסֵּכָֽה׃ 20 וַיָּמִ֥ירוּ אֶת־כְּבוֹדָ֑ם בְּתַבְנִ֥ית שׁ֝֗וֹר אֹכֵ֥ל עֵֽשֶׂב׃ 21 שָׁ֭כְחוּ אֵ֣ל מוֹשִׁיעָ֑ם עֹשֶׂ֖ה גְדֹל֣וֹת בְּמִצְרָֽיִם׃ 22 נִ֭פְלָאוֹת בְּאֶ֣רֶץ חָ֑ם נ֝וֹרָא֗וֹת עַל־יַם־סֽוּף׃ 23 וַיֹּ֗אמֶר לְֽהַשְׁמִ֫ידָ֥ם לוּלֵ֡י מֹ֘שֶׁ֤ה בְחִיר֗וֹ עָמַ֣ד בַּפֶּ֣רֶץ לְפָנָ֑יו לְהָשִׁ֥יב חֲ֝מָת֗וֹ מֵֽהַשְׁחִֽית׃ 24 וַֽ֭יִּמְאֲסוּ בְּאֶ֣רֶץ חֶמְדָּ֑ה לֹֽא־הֶ֝אֱמִ֗ינוּ לִדְבָרֽוֹ׃ 25 וַיֵּרָגְנ֥וּ בְאָהֳלֵיהֶ֑ם לֹ֥א שָׁ֝מְע֗וּ בְּק֣וֹל יְהוָֽה׃ 26 וַיִּשָּׂ֣א יָד֣וֹ לָהֶ֑ם לְהַפִּ֥יל א֝וֹתָ֗ם בַּמִּדְבָּֽר׃ 27 וּלְהַפִּ֣יל זַ֭רְעָם בַּגּוֹיִ֑ם וּ֝לְזָרוֹתָ֗ם בָּאֲרָצֽוֹת׃ 28 וַ֭יִּצָּ֣מְדוּ לְבַ֣עַל פְּע֑וֹר וַ֝יֹּאכְל֗וּ זִבְחֵ֥י מֵתִֽים׃ 29 וַ֭יַּכְעִיסוּ בְּמַֽעַלְלֵיהֶ֑ם וַתִּפְרָץ־בָּ֝֗ם מַגֵּפָֽה׃ 30 וַיַּעֲמֹ֣ד פִּֽ֭ינְחָס וַיְפַלֵּ֑ל וַ֝תֵּעָצַ֗ר הַמַּגֵּפָֽה׃ 31 וַתֵּחָ֣שֶׁב ל֭וֹ לִצְדָקָ֑ה לְדֹ֥ר וָ֝דֹ֗ר עַד־עוֹלָֽם׃ 32 וַ֭יַּקְצִיפוּ עַל־מֵ֥י מְרִיבָ֑ה וַיֵּ֥רַע לְ֝מֹשֶׁ֗ה בַּעֲבוּרָֽם׃ 33 כִּֽי־הִמְר֥וּ אֶת־רוּח֑וֹ וַ֝יְבַטֵּ֗א בִּשְׂפָתָֽיו׃ 34 לֹֽא־הִ֭שְׁמִידוּ אֶת־הָֽעַמִּ֑ים אֲשֶׁ֤ר אָמַ֖ר יְהוָ֣ה לָהֶֽם׃ 35 וַיִּתְעָרְב֥וּ בַגּוֹיִ֑ם וַֽ֝יִּלְמְד֗וּ מַֽעֲשֵׂיהֶֽם׃ 36 וַיַּעַבְד֥וּ אֶת־עֲצַבֵּיהֶ֑ם וַיִּהְי֖וּ לָהֶ֣ם לְמוֹקֵֽשׁ׃ 37 וַיִּזְבְּח֣וּ אֶת־בְּ֭נֵיהֶם וְאֶת־בְּנֽוֹתֵיהֶ֗ם לַשֵּֽׁדִים׃ 38 וַיִּֽשְׁפְּכ֨וּ דָ֪ם נָקִ֡י דַּם־בְּנֵ֘יהֶ֤ם וּֽבְנוֹתֵיהֶ֗ם אֲשֶׁ֣ר זִ֭בְּחוּ לַעֲצַבֵּ֣י כְנָ֑עַן וַתֶּחֱנַ֥ף הָ֝אָ֗רֶץ בַּדָּמִֽים׃ 39 וַיִּטְמְא֥וּ בְמַעֲשֵׂיהֶ֑ם וַ֝יִּזְנוּ֗ בְּמַֽעַלְלֵיהֶֽם׃ 40 וַיִּֽחַר־אַ֣ף יְהוָ֣ה בְּעַמּ֑וֹ וַ֝יְתָעֵ֗ב אֶת־נַחֲלָתֽוֹ׃ 41 וַיִּתְּנֵ֥ם בְּיַד־גּוֹיִ֑ם וַֽיִּמְשְׁל֥וּ בָ֝הֶ֗ם שֹׂנְאֵיהֶֽם׃ 42 וַיִּלְחָצ֥וּם אוֹיְבֵיהֶ֑ם וַ֝יִּכָּנְע֗וּ תַּ֣חַת יָדָֽם׃ 43 פְּעָמִ֥ים רַבּ֗וֹת יַצִּ֫ילֵ֥ם וְ֭הֵמָּה יַמְר֣וּ בַעֲצָתָ֑ם וַ֝יָּמֹ֗כּוּ בַּעֲוֺנָֽם׃ 44 וַ֭יַּרְא בַּצַּ֣ר לָהֶ֑ם בְּ֝שָׁמְע֗וֹ אֶת־רִנָּתָֽם׃ 45 וַיִּזְכֹּ֣ר לָהֶ֣ם בְּרִית֑וֹ וַ֝יִּנָּחֵ֗ם כְּרֹ֣ב חסדו׃ 46 וַיִּתֵּ֣ן אוֹתָ֣ם לְרַחֲמִ֑ים לִ֝פְנֵ֗י כָּל־שׁוֹבֵיהֶֽם׃ 47 הוֹשִׁיעֵ֨נוּ ׀ יְה֘וָ֤ה אֱלֹהֵ֗ינוּ וְקַבְּצֵנוּ֮ מִֽן־הַגּ֫וֹיִ֥ם לְ֭הֹדוֹת לְשֵׁ֣ם קָדְשֶׁ֑ךָ לְ֝הִשְׁתַּבֵּ֗חַ בִּתְהִלָּתֶֽךָ׃ 48 בָּר֤וּךְ־יְהוָ֨ה אֱלֹהֵ֪י יִשְׂרָאֵ֡ל מִן־הָ֤עוֹלָ֨ם ׀ וְעַ֬ד הָעוֹלָ֗ם וְאָמַ֖ר כָּל־הָעָ֥ם אָמֵ֗ן הַֽלְלוּ־יָֽהּ׃
ဣသရေလတို့၏ပုန်ကန်ခြင်း
1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။၅ ရာ၊ ၁၆:၃၄၊၆ ရာ၊ ၅:၁၃၊၇:၃၊ဧဇ၊ ၃:၁၁၊ဆာ၊ ၁၀၀:၅၊၁၀၇:၁၊၁၁၈:၁၊၁၃၆:၁၊ယေ၊ ၃၃:၁၁။2 ထာဝရဘုရား၏ တန်ခိုးကြီးခြင်းအရာတော်တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင်ဖော်ပြနိုင်သနည်း။ 3 ခပ်သိမ်းသောအခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
4 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရွေးကောက်တော်မူသောသူတို့၏ကောင်းကျိုးကို မြင်စေခြင်းငှာလည်းကောင်း၊ 5 ကိုယ်တော်၏လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏အမွေဖြစ်သော သူတို့နှင့်အတူ ဝါကြွားရွှင်လန်းစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ၍ ကယ်တင်တော်မူပါ။ 6 အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရားသောအမှုကို ပြုကြပါပြီ။ 7 အဲဂုတ္တုပြည်၌ပြုတော်မူသော အံ့ဩဖွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာတော်ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ဧဒုံပင်လယ်နားမှာ ပုန်ကန်ကြပါ၏။ထွ၊ ၁၄:၁၀-၁၂။8 သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှားစေခြင်းငှာ၊ နာမတော်၏အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။ 9 ဧဒုံပင်လယ်ကိုဆုံးမတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။ထွ၊ ၁၄:၂၁-၃၁။10 မုန်းသောသူ၏လက်မှ သူတို့ကိုကယ်တင်၍၊ ရန်သူ၏လက်မှ ရွေးနုတ်တော်မူ၏။ 11 ရန်သူတစ်စုံတစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည် လွှမ်းမိုးလေ၏။ 12 ထိုအခါစကားတော်ကိုယုံ၍ ဂုဏ်ကျေးဇူးတော်ကို သီချင်းဆိုကြ၏။ထွ၊ ၁၅:၁-၂၁။13 သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန်မေ့လျော့သည်ဖြစ်၍၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊ 14 တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။ 15 သူတို့တောင်းသောဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။တော၊ ၁၁:၄-၃၄။
16 ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကိုလည်းကောင်း၊ ထာဝရဘုရား၏သန့်ရှင်းသူ အာရုန်ကိုလည်းကောင်း ငြူစူကြ၏။ 17 မြေကြီးသည်ကွဲလျက် ဒါသန်ကိုမျို၍၊ အဘိရံ၏အသင်းအဝင်ကို ဖုံးအုပ်လေ၏။ 18 သူတို့အသင်းအဝင်ထဲမှာ မီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။တော၊ ၁၆:၁-၃၅။19 သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ်ကို လုပ်၍၊ အရည်သွန်းသောရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ကြ၏။ 20 သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဌာန်ကို ယူကြ၏။ 21 အဲဂုတ္တုပြည်၌ ကြီးသောအမှုတို့ကိုလည်းကောင်း၊ 22 ဟာမအမျိုးနေရာပြည်၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဖွယ်သော အမှုတို့ကိုလည်းကောင်းပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။ 23 ထိုအခါ ရွေးကောက်တော်မူသောမောရှေသည် အမျက်တော်ကိုလွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။ထွ၊ ၃၂:၁-၁၄။
24 ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။တော၊ ၁၄:၁-၃၅။25 မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားမထောင်ဘဲ နေကြ၏။ 26 ထိုကြောင့် သူတို့ကို တော၌လှဲခြင်းငှာလည်းကောင်း၊ 27 သူတို့အမျိုးအနွယ်ကို တစ်ပါးအမျိုးသားတို့တွင်လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာလည်းကောင်း၊ သူတို့တစ်ဖက်၌ ကျိန်ဆိုတော်မူ၏။ဝတ်၊ ၂၆:၃၃။
28 ထိုသူတို့သည် ဗာလပေဂုရဘုရား၌မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။တော၊ ၂၅:၁-၁၃။29 ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။ 30 ထိုအခါ ဖိနဟတ်သည်ထ၍ တရားစီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။ 31 ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုးအဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။ 32 တစ်ဖန် မေရိဘရေအနားမှာ အမျက်တော်ကိုနှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာဖြစ်လေ၏။ 33 သူ၏စိတ်ကိုချုပ်ချယ်နှောင့်ယှက်ကြသဖြင့်၊ သူသည် အမှတ်တမဲ့ မြွက်ဆို၏။တော၊ ၂၀:၂-၁၃။34 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မပြု၊ တစ်ပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။ 35 သူတို့နှင့်ရောနှော၍ သူတို့၏ဘာသာဓလေ့ကို သင်ကြ၏။ 36 သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။သူကြီး၊ ၂:၁-၃၊၃:၅-၆။37 ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ်ပူဇော်ကြ၏။၄ ရာ၊ ၁၇:၁၇။38 ထိုသို့ အပြစ်မရှိသောသူတို့၏အသွေး၊ ခါနာန်ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူးလေ၏။တော၊ ၃၅:၃၃။39 သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
40 ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကိုအမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။ 41 သူတို့ကို တစ်ပါးအမျိုးသားတို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။ 42 ရန်သူတို့သည်ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။ 43 သူတို့ကို ကြိမ်ဖန်များစွာ ကယ်နုတ်တော်မူသော်လည်း၊ ပုန်ကန်သောအကြံကိုသာကြံ၍၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ၏။ 44 တစ်ဖန် သူတို့အော်ဟစ်ခြင်းကို ကြားတော်မူလျှင်၊ သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊ 45 ဝန်ခံခြင်းကတိတော်ကို သူတို့အဖို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော်မူ၏။ 46 သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်းတို့သည် သနားရကြမည်အကြောင်း ပြုတော်မူ၏။သူကြီး၊ ၂:၁၄-၁၈။47 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသောနာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တစ်ပါးအမျိုးသားတို့အထဲက နုတ်ယူ၍ စုသိမ်းတော်မူပါ။ 48 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ။ ဟာလေလုယ။၅ ရာ၊ ၁၆:၃၅-၃၆။