1-3 မတရားသောသူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှာ လေးကိုတင်၍၊ လေးညှို့ပေါ်မှာ မြားကိုပြင်ကြ၏။ အမှီတံကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည်ငှက်ကဲ့သို့ ကိုယ်နေရာတောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏။ 4 ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကိုစစ်တော်မူ၏။ 5 ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။ 6 မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကိုသက်ရောက်စေ၍၊ သူတို့သောက်စရာဖို့ စီရင်တော်မူမည်။ 7 တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကိုနှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။
1 Til sangmesteren; av David. Til Herren tar jeg min tilflukt; hvorledes kan I da si til min sjel: Fly til eders fjell som en fugl? 2 For se, de ugudelige spenner buen, de legger sin pil på strengen for å skyte i mørket på de opriktige av hjertet. 3 Når grunnvollene nedbrytes, hvad makter da den rettferdige?
4 Herren er i sitt hellige tempel, Herrens trone er i himmelen, hans øine skuer, hans blikk prøver menneskenes barn.
5 Herren prøver den rettferdige; men den ugudelige og den som elsker vold, hater hans sjel. 6 Han lar snarer regne ned over de ugudelige; ild og svovel og glødende vind er deres begers del. 7 For Herren er rettferdig, elsker rettferdighet; på den opriktige ser hans åsyn.