1 လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ 2 လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက်၊တ၊ ၄:၂၅-၂၆။3 သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ဟု သင်းဖွဲ့ကြ၏။
4 ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကိုကဲ့ရဲ့တော်မူ၏။ 5 ထိုအခါ အမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော်မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်။ 6 ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်။
7 ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ။တ၊ ၁၃:၃၃၊ဟေဗြဲ၊ ၁:၅၊၅:၅။8 ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။ 9 သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။ဗျာ၊ ၂:၂၆-၂၇၊၁၂:၅၊၁၉:၁၅။
10 သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။ 11 ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ 12 သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
1 Hvorfor larmer hedningene og grunder folkene på det som fåfengt er? 2 Jordens konger reiser sig, og fyrstene rådslår sammen mot Herren og mot hans salvede: 3 La oss sprenge deres bånd og kaste deres rep av oss! 4 Han som troner i himmelen, ler, Herren spotter dem. 5 Så taler han til dem i sin vrede, og i sin harme forferder han dem: 6 Og jeg har dog innsatt min konge på Sion, mitt hellige berg!
7 Jeg vil kunngjøre hvad fastsatt er: Herren sa til mig: Du er min sønn, jeg har født dig idag.
8 Begjær av mig! Så vil jeg gi dig hedningene til arv og jordens ender til eie. 9 Du skal knuse dem med jernstav; som en pottemakers kar skal du sønderslå dem.
10 Og nu, I konger, gå viselig frem! La eder advare, I dommere på jorden!
11 Tjen Herren med frykt og juble med beven! 12 Kyss {de. hyld} Sønnen, forat han ikke skal bli vred, og I gå til grunne på veien! For snart kunde hans vrede optendes. Salige er alle de som tar sin tilflukt til ham.