1 ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။ 2 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။ 3 သင်၏ခြေကိုချော်စေခြင်းငှာ အခွင့်ပေးတော်မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။ 4 အကယ်စင်စစ် ဣသရေလအမျိုးကိုစောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။ 5 ထာဝရဘုရားသည် သင့်ကိုစောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။ 6 နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက်မရှိရာ။ 7 ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကိုကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ 8 ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။
1 En sang ved festreisene. Jeg løfter mine øine op til fjellene; hvor skal min hjelp komme fra? 2 Min hjelp kommer fra Herren, himmelens og jordens skaper. 3 Han skal ingenlunde la din fot vakle, din vokter skal ingenlunde slumre. 4 Se, han slumrer ikke og sover ikke, Israels vokter. 5 Herren er din vokter, Herren er din skygge ved din høire hånd. 6 Solen skal ikke stikke dig om dagen, ei heller månen om natten. 7 Herren skal bevare dig fra alt ondt, han skal bevare din sjel. 8 Herren skal bevare din utgang og din inngang fra nu av og inntil evig tid.