1 ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက်ရှိ၏။ 2 ကိုယ်တော်၏ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲ ဖြစ်တော်မူ၏။ 3 အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။ 4 ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။ 5 သက်သေခံတော်မူချက်တို့သည် အလွန် မြဲမြံကြပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်းပါရမီသည် အစဉ်အမြဲ အိမ်တော်၏အသရေဖြစ်ပါသတည်း။
1 Herren er blitt konge, han har klædd sig i høihet; Herren har klædd sig, har omgjordet sig med styrke, og jorderike står fast, det rokkes ikke. 2 Fast er din trone fra fordums tid; fra evighet er du. 3 Strømmer har opløftet, Herre, strømmer har opløftet sin røst, strømmer opløfter sin brusen. 4 Mere enn røsten av de store, de herlige vann, havets brenninger, er Herren herlig i det høie. 5 Dine vidnesbyrd er såre trofaste; for ditt hus sømmer sig hellighet, Herre, så lenge dagene varer.