1 ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။ 2 မိုးတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏။ 3 မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့်လှည့် လောင်လေ၏။ 4 လျှပ်စစ်တော်သည် လောကဓာတ်ကို လင်းစေ၏။ မြေကြီးသည် မြင်၍တုန်လှုပ်၏။ 5 ထာဝရဘုရားရှေ့၊ မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဖယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။ 6 ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည်ထင်ရှားစွာပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။ 7 ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီးသက်သက်သောအရာ၌ ဝါကြွားသောသူအပေါင်းတို့သည် အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့၊ ထာဝရဘုရားကို ပျပ်ဝပ်ကိုးကွယ်ကြလော့။
8 အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့်၊ ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏။ 9 အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသားအပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။ 10 ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။ 11 အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သော သူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။ 12 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။
1 Herren er blitt konge; jorden fryde sig, mange øer glede sig! 2 Skyer og mørke er rundt omkring ham, rettferd og rett er hans trones grunnvoll. 3 Ild går foran hans åsyn og setter hans fiender i brand rundt omkring. 4 Hans lyn oplyser jorderike; jorden ser det og bever. 5 Fjellene smelter som voks for Herrens åsyn, for all jordens herres åsyn. 6 Himlene kunngjør hans rettferdighet, og alle folkene ser hans ære. 7 Til skamme blir alle de som dyrker utskårne billeder, som roser sig av avguder; tilbed ham, alle guder!
8 Sion hører det og gleder sig, og Judas døtre fryder sig over dine dommer, Herre!
9 For du, Herre, er den Høieste over all jorden, du er såre ophøiet over alle guder. 10 I som elsker Herren, hat det onde! Han bevarer sine frommes sjeler; han frir dem ut av de ugudeliges hånd. 11 Lys er utsådd for den rettferdige, og glede for de opriktige av hjertet. 12 Gled eder, I rettferdige i Herren, og pris hans hellige navn!