1 အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။ရော၊ ၄:၇-၈။2 ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။
3 ငါသည် အပြစ်ကိုမဖော်မပြဘဲ နေစဉ်အခါ၊ တစ်နေ့လုံး ညည်းတွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ 4 နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။ 5 တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။ 6 ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။ 7 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးလွတ်စေခြင်းငှာ ကွယ်ကာစောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
8 သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကိုပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။ ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်။၁ပေ၊၂:၁။9 သူသည် သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့် ဆွဲရမည်။ 10 မတရားသောသူသည် များစွာသောဒုက္ခကိုခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာတော်သည် ဝန်းရံတတ်၏။ 11 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။
1 Av David; en læresalme. Salig er den hvis overtredelse er forlatt, hvis synd er skjult. 2 Salig er det menneske som Herren ikke tilregner misgjerning, og i hvis ånd det ikke er svik. 3 Da jeg tidde, blev mine ben borttæret, idet jeg stønnet hele dagen. 4 For dag og natt lå din hånd tungt på mig, min livssaft svant som ved sommerens tørke. Sela. 5 Jeg bekjente min synd for dig og skjulte ikke min skyld, jeg sa: Jeg vil bekjenne mine misgjerninger for Herren. Og du tok bort min syndeskyld. Sela. 6 Derfor bede hver from til dig den tid du er å finne! Visselig, når store vannflommer kommer, til ham skal de ikke nå.
7 Du er mitt skjul, du vokter mig for trengsel; med frelses jubel omgir du mig. Sela.
8 Jeg vil lære dig og vise dig den vei du skal vandre; jeg vil gi dig råd med mitt øie. 9 Vær ikke som hest og muldyr, som ikke har forstand! Deres smykke er tømme og bissel til å tvinge dem med; de vil ikke komme nær til dig. 10 Den ugudelige har mange piner, men den som setter sin lit til Herren, ham omgir han med miskunnhet. 11 Gled eder i Herren og fryd eder, I rettferdige, og juble, alle I opriktige av hjertet!