1 အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ 2 အို ထာဝရဘုရား၊ အကျွန်ုပ်၏စကားသံကိုကြား၍၊ အကျွန်ုပ် ဆုတောင်းပတ္ထနာပြုသံကို နားညောင်းတော်မူပါ။ 3 အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။ 4 ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။ 5 ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမျှော်လင့်၏။ 6 နံနက်ကိုမျှော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက်နေ၏။ 7 ဣသရေလအမျိုးသည် ထာဝရဘုရားကို မျှော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ကရုဏာရှိ၏။ များစွာသော ရွေးနုတ်ခြင်းကျေးဇူးရှိ၏။ 8 ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့အထဲက ရွေးနုတ်တော်မူလိမ့်မည်။မ၊ ၁:၂၁။ တိ၊ ၂:၁၄။
1 En sang ved festreisene. Av det dype kaller jeg på dig, Herre! 2 Herre, hør min røst, la dine ører akte på mine inderlige bønners røst! 3 Dersom du, Herre, vil gjemme på misgjerninger, Herre, hvem kan da bli stående? 4 For hos dig er forlatelsen, forat du må fryktes.
5 Jeg bier efter Herren, min sjel bier, og jeg venter på hans ord.
6 Min sjel venter på Herren mere enn vektere på morgenen, vektere på morgenen. 7 Vent på Herren, Israel! For hos Herren er miskunnheten, og megen forløsning er hos ham, 8 og han skal forløse Israel fra alle dets misgjerninger.