1 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်းမမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သောအမှုတို့၌ မကျင်လည်ပါ။ 2 အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။ 3 ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလအစဉ်မပြတ် ထာဝရဘုရားကို မျှော်လင့်ပါစေ။
1 En sang ved festreisene; av David. Herre! Mitt hjerte er ikke stolt, og mine øine er ikke høie, og jeg gir mig ikke av med ting som er mig for store og for underlige. 2 Sannelig, jeg har fått min sjel til å være stille og tie likesom et avvent barn hos sin mor; som det avvente barn er min sjel hos mig. 3 Vent på Herren, Israel, fra nu og inntil evig tid!