1 ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ။ လက်ယာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်အဖို့ ကယ်တင်ခြင်းအမှုကိုပြုလေပြီ။ 2 ထာဝရဘုရားသည် ကယ်တင်တော်မူခြင်းကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တစ်ပါးအမျိုးသားတို့အား ဖော်ပြတော်မူပြီ။ 3 ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်းတို့သည် မြင်ရကြပြီ။ 4 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ 5 စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့။ စောင်းတီး၍ တူရိယာသံကို ပြုကြလော့။ 6 တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။ 7 ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊ 8 မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ 9 အကြောင်းမူကား၊ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။
1 En salme. Syng Herren en ny sang! For han har gjort underlige ting; hans høire hånd og hans hellige arm har hjulpet ham. 2 Herren har kunngjort sin frelse, åpenbaret sin rettferdighet for hedningenes øine. 3 Han har kommet i hu sin miskunnhet og sin trofasthet mot Israels hus; alle jordens ender har sett vår Guds frelse.
4 Rop med glede for Herren, all jorden, bryt ut i jubel og lovsang!
5 Lovsyng Herren til citar, til citar og med sangens røst, 6 til trompeter og basunens røst! Rop med fryd for kongens, Herrens åsyn! 7 Havet bruse og alt det som fyller det, jorderike og de som bor der! 8 Strømmene klappe i hender, fjellene juble alle sammen 9 for Herrens åsyn, for han kommer for å dømme jorden; han skal dømme jorderike med rettferdighet og folkene med rettvishet.