1 အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော်ကောင်းမျိုးသည်ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။ 2 အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။ 3,4 ငါတို့သည် ကိုယ်လျှာအားဖြင့်နိုင်မည်။ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကိုစောင့်လိမ့်မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။ 5 ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကို ခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
6 ထာဝရဘုရားမိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှာ၊ မိုက်၌ခုနစ်ကြိမ်စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။ 7 အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ် စောင့်မတော်မူမည်။ 8 ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသောအခွင့်ရှိကြ၏။
1 Per il Maestro del coro. Sull’ottava. Salmo di Davide.
Salva, o Eterno, poiché l’uomo pio viene meno,
e i fedeli vengono a mancare tra i figli degli uomini.
2 Ciascuno mente parlando con il prossimo;
parlano con labbro lusinghiero e con cuore doppio.
3 L’Eterno recida tutte le labbra lusinghiere,
la lingua che parla con arroganza,
4 quelli che dicono: "Con le nostre lingue prevarremo;
le nostre labbra sono per noi; chi sarà signore su di noi?".
5 "Per l’oppressione dei miseri, per il grido d’angoscia dei bisognosi,
ora mi ergerò", dice l’Eterno;
"darò loro la salvezza alla quale anelano".
6 Le parole dell’Eterno sono parole pure,
sono argento affinato in un crogiuolo di terra,
purificato sette volte.
7 Tu, o Eterno, li proteggerai,
li preserverai da questa generazione per sempre.
8 Gli empi vanno attorno da tutte le parti
quando la bassezza siede in alto tra i figli degli uomini.