1 အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။ 2 မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲသောသူကို ညှဉ်းဆဲတတ်ပါ၏။ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဖမ်းဆီးတတ်ပါ၏။ 3 မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။ 4 မတရားသောသူသည် မာနထောင်လွှားသောကြောင့်၊ မစဉ်းစားတတ်ပါ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ၏။ 5 အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရားစီရင်တော်မူချက်တို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။ 6 ငါသည် အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရဟု အောက်မေ့တတ်ပါ၏။ 7 သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသောအမှုရှိပါ၏။ရော၊ ၃:၁၄။8 ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။ 9 ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဖမ်းဆီးခြင်းငှာ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ဆွဲ၍ ဖမ်းဆီးတတ်ပါ၏။ 10 ထိုသို့ ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ ဆင်းရဲသောသူ အပေါင်းတို့သည် သူ၏လက်သို့ ကျရောက်တတ် ကြပါ၏။ 11 ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏။
12 အိုထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မမူပါနှင့်။ 13 မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။ 14 သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူတတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကိုအပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ခိုလှုံရာဖြစ်တော်မူ၏။ 15 မတရားသဖြင့်ပြု၍ ဆိုးသောသူ၏ လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။
16 ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သောရှင်ဘုရင်ဖြစ်တော်မူ၍၊ တစ်ပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်။ 17 အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက်ရှိသောသူတို့၏ တောင့်တခြင်းအသံကို ကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။ 18 ဆင်းရဲသားကို သူ၏မြေမှ တစ်ဖန်မနှင်ထုတ်မည်အကြောင်း၊ မိဘမရှိသောသူနှင့် ညှဉ်းဆဲခံရသောသူတို့ကို တရားပေးခြင်းငှာ နားတော်ကိုဖွင့်တော်မူ၏။
1 O Eterno, perché te ne stai lontano?
Perché ti nascondi in tempo d’angoscia?
2 L’empio nella sua superbia perseguita con furore i poveri;
essi rimangono presi nelle macchinazioni
che gli empi hanno ordite;
3 poiché l’empio si gloria delle brame dell’anima sua,
benedice il rapace e disprezza l’Eterno.
4 L’empio, nell’alterezza della sua faccia,
dice: "L’Eterno non farà inchieste".
Tutti i suoi pensieri sono: "Non c’è Dio!".
5 Le sue vie sono prospere in ogni tempo;
cosa troppo alta per lui sono i tuoi giudizi;
egli soffia contro tutti i suoi nemici.
6 Egli dice nel suo cuore: "Non sarò mai smosso;
d’età in età non m’accadrà male alcuno".
7 La sua bocca è piena di maledizione, di frodi e di oppressione;
sotto la sua lingua c’è malizia e iniquità.
8 Egli sta negli agguati dei villaggi;
uccide l’innocente in luoghi nascosti;
i suoi occhi spiano il misero.
9 Sta in agguato nel suo nascondiglio
come un leone nella sua tana;
sta in agguato per sorprendere l’afflitto;
egli sorprende l’infelice traendolo nella sua rete.
10 Se ne sta quatto e chino,
e gli afflitti sono sopraffatti dalla sua forza.
11 Egli dice in cuor suo: "Dio dimentica,
nasconde la sua faccia, non lo vedrà mai".
12 Ergiti o Eterno! o Dio, alza la mano!
Non dimenticare i mansueti.
13 Perché l’empio disprezza Dio?
perché dice in cuor suo: "Non ne farai ricerca?".
14 Ma tu hai visto; poiché tu osservi i travagli
e le pene per prendere la cosa in mano.
A te si affida il misero;
tu sei colui che aiuta l’orfano.
15 Fiacca il braccio dell’empio,
cerca l’empietà del malvagio finché tu non ne trovi più.
16 L’Eterno è re in eterno;
le nazioni sono state sterminate dalla sua terra.
17 O Eterno, tu esaudisci il desiderio degli umili;
tu fortifichi il loro cuore, inclinerai il tuo orecchio
18 per rendere giustizia all’orfano e all’oppresso,
affinché l’uomo, che è della terra, cessi dall’incutere spavento.