1 အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော်အားလည်း သစ္စာဝတ်ကိုဖြေရပါ၏။ 2 ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။ 3 မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ။ သို့သော်လည်း၊ အကျွန်ုပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည်။ 4 တံတိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှာ၊ ကိုယ်တော် ရွေးကောက်တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသောအရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။
5 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပတ္ထနာကိုနားထောင်၍ အံ့ဖွယ်သောအမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသောမြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။ 6 ကိုယ်တော်သည် တန်ခိုးနှင့်ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကိုတည်စေတော်မူ၏။ 7 သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏။ 8 အဝေးဆုံးသောအရပ်တို့၌ နေသောသူတို့သည် ကိုယ်တော်၏နိမိတ်များကိုမြင်၍ ကြောက်ရွံ့ကြပါ၏။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ၏။ 9 မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုးကိုများစွာရွာစေလျက်၊ ရေနှင့်ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့မြေကိုပြုပြင်ပြီးမှ၊ မြေသားတို့အဖို့ စပါးကို ပြုပြင်တော်မူ၏။ 10 မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်းစီရင်ပြီးမှ၊ မိုးရွာသောအားဖြင့် ပျော့စေ၍၊ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏။ 11 နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏။ 12 သာယာသော တောအရပ်တို့လည်းယို၍၊ တောင်တို့သည်လည်း ပီတိခါးစည်းနှင့် စည်းလျက်ရှိကြပါ၏။ 13 ကျက်စားရာအရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက်၊ လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက်ရှိ၍၊ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏။
1 Per il Maestro del coro. Salmo di Davide. Canto.
A te, o Dio, nel raccoglimento, sale la lode in Sion,
a te l’omaggio per le promesse che si compiono.
2 A te, che esaudisci la preghiera,
verrà ogni creatura.
3 Le iniquità mi hanno sopraffatto,
ma tu farai l’espiazione dei nostri peccati.
4 Beato colui che tu scegli e fai accostare a te
perché abiti nei tuoi cortili!
Noi saremo saziati dei beni della tua casa,
della santità del tuo tempio.
5 In modi tremendi tu ci rispondi nella tua giustizia,
o Dio della nostra salvezza,
speranza di tutte le estremità della terra
e dei mari lontani.
6 Con la sua potenza egli rende stabili i monti,
essendo cinto di forza.
7 Egli calma il fragore dei mari, il rumore dei loro flutti
e il tumulto dei popoli.
8 Perciò quelli che abitano alle estremità della terra temono
alla vista dei tuoi prodigi;
tu fai sgorgare canti di gioia dall’oriente all’occidente.
9 Tu visiti la terra e la irrighi,
tu l’arricchisci grandemente.
I ruscelli di Dio sono pieni d’acqua;
tu prepari agli uomini il grano, quando prepari così la terra;
10 tu irrighi abbondantemente i suoi solchi,
ne pareggi le zolle,
l’ammorbidisci con le piogge e ne benedici i germogli.
11 Tu coroni l’annata dei tuoi beni,
e dove passa il tuo carro stilla il grasso.
12 Esso stilla sui pascoli del deserto
e i colli sono cinti di gioia.
13 I pascoli si rivestono di greggi e le valli si coprono di frumento;
prorompono con grida di allegrezza e cantano.