1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွား၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့သည် များကြပါ၏။ 2 သူသည် ဘုရားသခင်ကိုအမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကိုရည်ဆောင်၍ ပြောသောသူအများ ရှိကြပါ၏။ 3 သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုန်းလည်း ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသောသူလည်း ဖြစ်တော်မူ၏။ 4 ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။ 5 ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့်၊ ငါသည် အိပ်၍ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏။ 6 ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသောသူ အထောင်အသောင်းကို ငါမကြောက်ဘဲနေမည်။ 7 အိုထာဝရဘုရား ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ပါးရိုးကို ရိုက်၍၊ မတရားသောသူတို့၏သွားကို ချိုးတော်မူ၏။ 8 ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ ပေးတော်မူသော ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့သက်ရောက်ပါစေသော။
1 Salmo di Davide, composto quando fuggiva da suo figlio Absalom.
O Eterno, quanto numerosi sono i miei nemici!
Molti sono quelli che insorgono contro di me,
2 molti quelli che dicono dell’anima mia:
"Non c’è salvezza per lui presso Dio!". [Pausa]
3 Ma tu, o Eterno, sei uno scudo attorno a me,
sei la mia gloria, colui che mi rialza il capo.
4 Con la mia voce io grido all’Eterno,
ed egli mi risponde dal suo monte santo. [Pausa]
5 Io mi sono coricato e ho dormito,
poi mi sono risvegliato, perché l’Eterno mi sostiene.
6 Io non temo le miriadi di popolo
che si sono accampate contro di me tutt’intorno.
7 Ergiti, o Eterno, salvami, Dio mio;
giacché tu hai percosso tutti i miei nemici sulla guancia,
hai rotto i denti degli empi.
8 All’Eterno appartiene la salvezza;
la tua benedizione riposi sul tuo popolo! [Pausa]