1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကိုကြား၍၊ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။ 2 ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။ရော၊ ၃:၂၀၊ဂလ၊ ၂:၁၆။3 ရန်သူသည် အကျွန်ုပ်၏ဝိညာဉ်ကိုညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင် နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာနေစေပါ၏။ 4 အကျွန်ုပ်သည် စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက်ရှိပါ၏။ 5 ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။ 6 ကိုယ်တော်ထံသို့ လက်တို့ကိုဆန့်ပါ၏။ သွေ့ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါ၏။ 7 အိုထာဝရဘုရား၊ အလျင်အမြန် နားထောင်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲတော်မူသဖြင့်၊ တွင်းထဲသို့ ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။ 8 ကရုဏာတော်စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏။ 9 အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏။ 10 အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကို သွေးဆောင်တော်မူပါစေသော။ 11 အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူသည်နှင့်အညီ၊ အကျွန်ုပ်၏ဝိညာဉ်ကို ဆင်းရဲဒုက္ခအထဲက နုတ်ယူတော်မူပါ။ 12 ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ရန်သူတို့ကိုပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။
1 Salmo di Davide.
O Eterno, ascolta la mia preghiera,
porgi l’orecchio alle mie suppliche;
nella tua fedeltà e nella tua giustizia, rispondimi,
2 e non venire in giudizio con il tuo servitore,
perché nessun vivente sarà trovato giusto nel tuo cospetto.
3 Poiché il nemico perseguita l’anima mia;
egli calpesta al suolo la mia vita;
mi fa abitare in luoghi tenebrosi
come quelli che sono morti già da lungo tempo.
4 Il mio spirito è abbattuto in me,
il mio cuore è tutto smarrito dentro di me.
5 Ricordo i giorni antichi;
medito su tutto ciò che hai fatto;
io rifletto sull’opera delle tue mani.
6 Tendo le mie mani verso te;
l’anima mia è assetata di te come terra asciutta. [Pausa]
7 Affrettati a rispondermi, o Eterno;
il mio spirito viene meno;
non nascondermi il tuo volto,
che talora io non diventi
simile a quelli che scendono nella fossa.
8 Fammi sentire la mattina la tua bontà,
poiché in te confido;
fammi conoscere la via per la quale devo camminare,
poiché io elevo l’anima mia a te.
9 Liberami dai miei nemici, o Eterno;
io cerco rifugio presso di te.
10 Insegnami a fare la tua volontà,
poiché tu sei il mio Dio;
il tuo buono Spirito mi guidi in terra piana.
11 O Eterno, vivificami, per amore del tuo nome;
nella tua giustizia,
ritrai l’anima mia dalla tribolazione!
12 Nella tua bontà distruggi i miei nemici,
e fa’ perire tutti quelli che affliggono l’anima mia;
perché io sono tuo servitore.