1 ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။ 2 ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍၊ ဝမ်းမြောက်ကြပါစေသော။ 3 ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။ 4 ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နုတ်တော်မူ၏။ 5 ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကိုရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ 6 ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ 7 ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။ 8 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။ 9 ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။ 10 ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။
11 အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။ 12 ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူ မည်သည်ကား၊၁ပေ၊ ၃:၁၀-၁၂။13 ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။ 14 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။ 15 ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။ 16 ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ ပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။ 17 ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ 18 ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။ 19 ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ 20 သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။ယော၊ ၁၉:၃၆။21 မတရားသောသူမူကား၊ ဘေးဖြင့်အသက်ဆုံးခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။ 22 ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက်ဝိညာဉ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူ တစ်စုံတစ်ယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။
1 Di Davide, quando si finse pazzo davanti ad Abimelec e, scacciato da lui, se ne andò.
Io benedirò l’Eterno in ogni tempo;
la sua lode sarà sempre nella mia bocca.
2 L’anima mia si glorierà nell’Eterno;
gli umili l’udranno e si rallegreranno.
3 Magnificate con me l’Eterno,
ed esaltiamo il suo nome tutti insieme.
4 Io ho cercato l’Eterno, ed egli mi ha risposto
e mi ha liberato da tutti i miei spaventi.
5 Quelli che riguardano a lui sono illuminati,
e le loro facce non sono svergognate.
6 Questo afflitto ha gridato, e l’Eterno l’ha esaudito
e l’ha salvato da tutte le sue difficoltà.
7 L’Angelo dell’Eterno
si accampa intorno a quelli che lo temono, e li libera.
8 Provate e vedrete quanto l’Eterno è buono!
Beato l’uomo che confida in lui.
9 Temete l’Eterno, voi suoi santi,
poiché nulla manca a quelli che lo temono.
10 I leoncelli soffrono penuria e fame,
ma quelli che cercano l’Eterno non mancano d’alcun bene.
11 Venite, figlioli, ascoltatemi;
io v’insegnerò il timore dell’Eterno.
12 Qual è l’uomo che prenda piacere nella vita,
e ami lunghezza di giorni per gioire del bene?
13 Trattieni la tua lingua dal male
e le tue labbra da parole bugiarde.
14 Allontanati dal male e fa’ il bene;
cerca la pace e procacciala.
15 Gli occhi dell’Eterno sono sui giusti
e le sue orecchie sono attente al loro grido.
16 Il volto dell’Eterno è contro quelli che fanno il male
per cancellare dalla terra la loro memoria.
17 I giusti gridano e l’Eterno li esaudisce
liberandoli da tutte le loro difficoltà.
18 L’Eterno è vicino a quelli che hanno il cuore rotto,
e salva quelli che hanno lo spirito contrito.
19 Molte sono le afflizioni del giusto;
ma l’Eterno lo libera da tutte.
20 Egli preserva tutte le ossa di lui,
non uno ne è rotto.
21 La malvagità farà perire il malvagio,
e quelli che odiano il giusto saranno condannati.
22 L’Eterno riscatta l’anima dei suoi servitori,
e nessuno di quelli che confidano in lui sarà condannato.