1 အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ်ပါ၏။ 2 အကျွန်ုပ်ပြုသောပတ္ထနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။ 3 အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ။ 4 အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အားကုန်သောသူကဲ့သို့ ဖြစ်ပါ၏။ 5 လူသေတို့တွင် ပစ်ထားသောသူ၊ ကွပ်မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေးသောသူကဲ့သို့ ဖြစ်ပါ၏။ 6 အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက်ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။ 7 အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက်ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော်မူ၏။ 8 အကျွန်ုပ်၏အသိအကျွမ်းများကို အဝေးသို့ရွှေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံရှာဖွယ်ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။ 9 အကျွန်ုပ်ခံရသော ဒုက္ခကြောင့် အကျွန်ုပ်မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
10 သေလျက်နေသောသူတို့အား အံ့ဖွယ်သောအမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။ 11 ကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ သစ္စာတော်ကို ပျက်စီးရာအရပ်၌လည်းကောင်း ကြားပြောရကြပါမည်လော။ 12 အံ့ဖွယ်သောအမှုတော်တို့ကို မှောင်မိုက်သော အရပ်၌လည်းကောင်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ရာပြည်၌လည်းကောင်း သိရကြပါမည်လော။ 13 အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ပတ္ထနာသည် ရှေ့တော်သို့ရောက်ပါ၏။ 14 အိုထာဝရဘုရား၊ အကျွန်ုပ်၏ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့် လွှဲတော်မူသနည်း။ 15 အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ်ကပင် ခံရ၍ ပင်ပန်းပါ၏။ 16 အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊ 17 ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ်တည်း ဝန်းရံကြပါ၏။ 18 ချစ်သောသူနှင့် အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက်ထဲမှာ ရှိကြပါ၏။
Canção ou Salmo dos filhos de Coré. Ao cantor-mor. Adaptado a maalate leanote. Masquil de Hemã, #Sl 89, títuloezraíta
1 Ó Jeová, Sl 24.5;27.9Deus da minha salvação,
dia e noite Sl 22.2;86.3;Lc 18.7clamei diante de ti.
2 Sl 18.6Chegue à tua presença a minha oração
Sl 31.2;86.1inclina os teus ouvidos ao meu clamor.
3 Pois a Sl 107.26minha alma está cheia de sofrimentos,
Sl 107.18;116.3e a minha vida se aproxima do Sheol.
4 Sou contado com os que Sl 28.1;143.7baixam à cova,
sou como homem Sl 22.11;Jó 29.12sem socorro,
5 atirado Sl 31.12entre os mortos;
como os que, feridos de morte, jazem na sepultura,
dos quais não te lembras mais,
e que Sl 31.22;Is 53.8são desamparados das tuas mãos.
6 Puseste-me Sl 86.13;Lm 3.55na cova mais profunda,
Sl 143.3em lugares escuros, Sl 69.15em densas trevas.
7 Sobre mim Sl 32.4;39.10pesa o teu furor,
e me afliges com Sl 42.7todas as tuas ondas. (Selá)
8 Apartaste de mim Sl 31.11;142.4;Jó 19.13,19os meus conhecidos,
fizeste-me objeto Jó 30.10de abominação para com eles;
Sl 142.7;Jr 32.2;36.5estou encerrado e não posso sair.
9 Sl 6.7;31.9Os meus olhos desfalecem de aflição;
dia após dia, Sl 22.2;86.3tenho clamado a ti, Jeová,
Sl 143.6;Jó 11.13estendendo-te as minhas mãos.
10 Acaso, mostrarás maravilhas aos mortos?
Sl 6.5;30.9Porventura, levantar-se-ão as sombras dos mortos e te louvarão?
11 Será referida a tua benignidade na sepultura?
Ou a tua fidelidade, em Abadom?
12 Acaso, serão conhecidas Sl 88.6;Jó 10.21nas trevas as tuas maravilhas?
E a tua justiça, na terra do esquecimento?
13 Mas eu, Sl 30.2a ti, Jeová, clamo por socorro,
Sl 5.3;119.147e, pela manhã, virá diante de ti a minha oração.
14 Por que, Jeová, Sl 43.2;44.9rejeitas a minha alma?
Sl 13.1;44.24;Jó 13.24Por que escondes de mim o teu rosto?
15 Tenho estado aflito, Pv 24.11a ponto de morrer desde a minha mocidade;
sob Jó 6.4;31.23o peso dos teus terrores, estou desorientado.
16 Por cima de mim, passaram 2Cr 28.11;Is 13.13;Lm 1.12as tuas iras,
os teus terrores Lm 3.54;Ez 37.11deram cabo de mim.
17 Sl 118.10-12Cercaram-me eles, Sl 124.4como água, de contínuo;
à uma, me Sl 17.11;22.12,16circundaram.
18 Apartaste de mim Sl 31.11;38.11;88.8;Jó 19.13amigo e companheiro;
os meus íntimos amigos são trevas.