1 ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။ 2 ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကိုကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍လဲကြ၏။ 3 ငါ့တစ်ဖက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံးမကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
4 ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။ 5 အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည်ကာလ၊ တဲတော်တွင် ငါ့ကို ကွယ်ကာတော်မူမည်။ ဗိမာန်တော်အတွင်းအရပ်၌၊ ငါ့ကိုဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။ 6 ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
7 အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကိုသနား၍ ထူးတော်မူပါ။ 8 ငါ၏မျက်နှာကိုရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာကိုရှာပါမည်။ 9 အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ကျွန်ကို ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဖူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ 10 ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။ 11 အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ 12 မမှန်သောသက်သေကိုခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။ 13 အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ငါတွေ့မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။ 14 ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။
Salmo de Davi
1 Jeová é a minha Sl 18.28;Is 60.20;Mq 7.8luz e a Sl 62.7;118.14;Êx 15.2;Is 33.2;Jn 2.9minha salvação; de quem me recearei?
Jeová é a Sl 28.8fortaleza da minha vida; de Sl 118.6quem terei medo?
2 Quando malfeitores se chegaram a mim para Sl 14.4comerem as minhas carnes,
eles, meus opressores e inimigos, Sl 9.3tropeçaram e caíram.
3 Ainda que Sl 3.6se acampe contra mim um exército,
não se receará o meu coração;
embora se levante contra mim a guerra,
ainda assim Jó 4.6conservarei eu a minha confiança.
4 Uma coisa pedi a Jeová e a buscarei:
que Sl 23.6habite eu na Casa de Jeová todos os dias da minha vida,
para contemplar Sl 90.17a formosura de Jeová
e Sl 18.6estudar no seu templo.
5 Pois, Sl 50.15no dia da adversidade, me Sl 31.20ocultará no seu pavilhão;
no recôndito do seu tabernáculo, Sl 17.8me esconderá;
sobre uma rocha Sl 40.2me elevará.
6 E, agora, será elevada Sl 3.3a minha cabeça acima dos meus inimigos que me cercam;
e, no seu tabernáculo, oferecerei Sl 107.22sacrifícios de júbilo;
Sl 13.6cantarei, sim, cantarei louvores a Jeová.
7 Sl 4.3;61.1Ouve, Jeová, quando eu, com a minha voz, clamar;
compadece-te também de mim e Sl 13.3responde-me.
8 Quando disseste: Sl 105.4;Am 5.6Buscai o meu rosto, a ti te disse o meu coração:
O teu rosto, Jeová, Sl 34.4buscarei.
9 Sl 69.17Não escondas de mim o teu rosto;
não rejeites com Sl 6.1ira o teu servo.
Tu tens sido o Sl 40.17meu auxílio;
Sl 94.14não me enjeites, nem me Sl 37.28desampares,
Ó Deus da minha salvação.
10 Pois, meu pai Is 49.15e minha mãe me abandonaram,
Is 40.11Mas Jeová me acolherá.
11 Sl 25.4;86.11Ensina-me, Jeová, o teu caminho
e conduze-me Sl 5.8;26.12por uma vereda plana, por causa dos que me espreitam.
12 Não me Sl 41.2entregues à vontade dos meus adversários
porque contra mim se levantam Sl 35.11;Dt 19.18;Mt 26.60falsas testemunhas e os que At 9.1respiram crueldade.
13 Oh! Se eu não houvera crido Sl 31.19que veria a bondade de Jeová
na Sl 52.5;116.9;142.5;Jó 28.13;Is 38.11;Jr 11.19terra dos viventes!
14 Sl 25.3;37.34;40.1;62.5;130.5;Pv 20.22;Is 25.9Espera tu por Jeová.
Sl 31.24Tem bom ânimo, e fortifique-se o teu coração;
sim, espera tu por Jeová.