1 သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသောဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ထွ၊ ၂၅:၂၂။2 ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကိုနှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ။ 3 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
4 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ပြုသော ပတ္ထနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။ 5 သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။ 6 အနီးအပါး၌နေသောသူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။ 7 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
8 ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။ 9 သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တစ်ပြည်လုံးကို နှံ့ပြားပါ၏။ 10 သူ၏အရိပ်သည်တောင်တို့ကိုလည်းကောင်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကိုလည်းကောင်း လွှမ်းမိုးကြပါ၏။ 11 သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်လည်းကောင်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်လည်းကောင်း ပြန့်ပွားစေပါ၏။
12 ယခုမူကား၊ လမ်း၌ လျှောက်သွားသောသူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့် ချိုးဖျက်တော်မူသနည်း။ 13 တောဝက်သည် ထိုအပင်ကိုကိုက်ခဲ၍၊ တောသားရဲသည်လည်း စားပါ၏။ 14 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တစ်ဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။ 15 လက်ယာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။ 16 မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ 17 လက်ယာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။ 18 သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပတ္ထနာပြုကြပါမည်။ 19 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
Ao cantor-mor. Adaptado a sosanim edute. Salmo de Asafe
1 Escuta, ó Sl 23.1, ref.pastor de Israel;
tu que conduzes a Sl 77.15;78.67;Am 5.15José como a um rebanho,
que Sl 99.1;Êx 25.22;1Sm 4.4;2Sm 6.2estás entronizado sobre os querubins, resplandece.
2 Diante de Nm 2.18-24Efraim, de Benjamim e de Manassés, Sl 35.23desperta o teu poder
e vem salvar-nos.
3 Sl 60.1;80.7,19;85.4;126.1;Lm 5.21Converte-nos, ó Deus;
Sl 31.16;Nm 6.25faze resplandecer o teu rosto, e seremos salvos.
4 Sl 59.5;84.8Jeová, Deus dos Exércitos,
Sl 79.5;85.5até quando te mostrarás indignado contra a oração do teu povo?
5 Tu os fizeste comer Sl 42.3;102.9pão de lágrimas
e lhes deste a beber lágrimas em abundância.
6 Fazes-nos servir de contendas Sl 44.13;79.4aos nossos vizinhos,
e os nossos inimigos riem-se à vontade.
7 Converte-nos, Deus dos Exércitos;
faze resplandecer o teu rosto, e seremos salvos.
8 Trouxeste do Egito uma Sl 80.15;Is 5.2,7;Jr 2.21;12.10;Ez 17.6;19.10videira;
Sl 44.2;Js 13.6;2Cr 20.7;At 7.45expeliste as nações e a Jr 11.17;32.41;Ez 17.23;Am 9.15plantaste.
9 Êx 23.28;Js 24.12;Is 5.2Dispuseste o terreno diante dela;
ela Os 14.5deitou profundas raízes e encheu a terra.
10 Cobriram-se os montes com a sombra dela,
e, Gn 49.22com os seus sarmentos, os cedros de Deus.
11 Ela estendeu os seus ramos Sl 72.8até o mar
e os seus rebentos, até o rio.
12 Por que lhe Sl 89.40;Is 5.5derrubaste as cercas,
de sorte que a Dt 28.63vindimam todos os que passam pelo caminho?
13 O javali da selva a Jr 5.6devasta,
e os animais do campo dela se nutrem.
14 Sl 90.13Volta, te rogamos, ó Deus dos Exércitos;
Sl 102.19;Is 63.15olha lá do céu, e vê, e visita esta videira;
15 Sl 80.8protege o que a tua mão direita plantou,
o bacelo que para ti robusteceste.
16 Sl 74.8;2Cr 36.19;Jr 52.13Está queimada de fogo, está decepada;
eles perecem Sl 39.11;76.6pelas repreensões do teu rosto.
17 Sl 89.21Seja o teu rosto sobre o varão da tua destra,
sobre o filho do homem que Sl 80.15para ti robusteceste.
18 Assim, não nos Is 50.5apartaremos de ti;
Sl 71.20, ref.vivifica-nos, e nós invocaremos o teu nome.
19 Sl 80.3Converte-nos, Jeová, Deus dos Exércitos;
faze resplandecer o teu rosto, e seremos salvos.