1 ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည်စစ်တိုက်၍၊ လက်ချောင်းတို့လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏။ 2 ငါ့ကိုသနားသောသူ၊ ငါ၏မြို့ရိုး၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ ထိုဘုရားသခင်ကို ငါကိုးစား၏။ ငါ၏လူမျိုးကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏။ 3 အိုထာဝရဘုရား၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ ပမာဏပြုတော်မူရသနည်း။ယောဘ၊ ၇:၁၇-၁၈၊ဆာ၊ ၈:၄။4 လူသည်အငွေ့နှင့် တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ ဖြစ်ကြပါ၏။ 5 အိုထာဝရဘုရား၊ ကိုယ်တော်၏ မိုးကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည်။ 6 လျှပ်စစ်ပြက်စေ၍ လေးမြားတော်တို့ကိုပစ်သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေ၍ နှိပ်စက်တော်မူပါ။ 7 အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနုတ်တော်မူပါ။ တစ်ခဲနက်သော ရေထဲကလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်ထဲကလည်းကောင်း၊ ဆယ်ယူကယ်တင်တော်မူပါ။ 8 သူတို့၏နှုတ်သည် မုသားစကားကိုပြောတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။
9 အိုဘုရားသခင်၊ ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်။ ကြိုးဆယ်ပင်ရှိသောတူရိယာနှင့် ထောမနာသီချင်းဆိုပါမည်။ 10 အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အားပေးတော်မူ၏။ ကိုယ်တော်၏ကျွန်ဒါဝိဒ်ကို ဆိုးသောဓားဘေးနှင့် ကင်းလွတ်စေတော်မူ၏။ 11 တစ်ကျွန်းတစ်နိုင်ငံသားတို့၏လက်မှ၊ အကျွန်ုပ်ကိုနုတ်ယူ၍ ကယ်တင်တော်မူပါ။ သူတို့၏နှုတ်သည် မုသားစကားကို ပြောတတ်ပါ၏။ သူတို့၏ လက်ယာလက်သည်လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။ 12 အကျွန်ုပ်တို့၏သားတို့သည် အရွယ်ပျိုစဉ်တွင်၊ ကြီးပွားသော ပျိုးပင်ကဲ့သို့လည်းကောင်း၊ သမီးတို့သည် ဘုံဗိမာန်နည်းတူ ထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။ 13 အကျွန်ုပ်တို့၏ဘဏ္ဍာတိုက်တို့သည် အစားအသောက် အသုံးအဆောင်များနှင့် ပြည့်စုံခြင်း၊ သိုးတို့သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဖွားခြင်း၊ 14 နွားတို့သည်လည်း ကြီးပွားများပြားခြင်းရှိပါစေသော။ အနိုင်အထက်ဝင်ခြင်း မရှိ။ သိမ်းသွားခြင်း မရှိ။ လမ်းတို့၌ ကြွေးကြော်မြည်တမ်းခြင်း မရှိပါစေနှင့်။ 15 ထိုသို့နေသောလူမျိုးသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားသည် အကြင်လူမျိုး၏ ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏။
Salmo de Davi
1 Bendito seja Jeová, Sl 18.2rocha minha,
que Sl 18.34adestra as minhas mãos para a batalha
e os meus dedos, para a guerra;
2 que é a minha benignidade e a Sl 18.2;91.2minha fortaleza,
o meu alto Sl 59.9refúgio e o meu libertador,
o meu Sl 3.3;28.7;84.9escudo e aquele a quem me acolho;
ele é quem me Sl 18.39sujeita o meu povo.
3 Ó Jeová, Sl 8.4que é o homem para que dele tomes conhecimento?
Ou o filho do homem, para que dele faças conta?
4 O Sl 39.11homem é semelhante a um sopro;
e os seus Sl 102.11;109.23;Jó 8.9;14.2dias são como a sombra que passa.
5 Sl 18.9Abaixa, Jeová, os teus céus e Is 64.1desce;
Sl 104.32toca os montes, e fumegarão.
6 Despede Sl 18.14relâmpagos e dissipa-os;
Arremessa as tuas Sl 7.13;58.7;Hc 3.11;Zc 9.14setas, e desbarata-os.
7 Estende lá Sl 18.16do alto a tua mão;
salva-me e Sl 69.1,14livra-me de muitas águas,
da mão do Sl 18.44;54.3estrangeiro,
8 cuja boca Sl 12.2;41.6fala vaidade,
e cuja Sl 106.26;Gn 14.22;Dt 32.40;Is 44.20direita é direita de falsidade.
9 a ti, ó Deus, cantarei um Sl 40.3novo cântico;
no Sl 33.2saltério de dez cordas, te cantarei louvores.
10 É ele quem Sl 18.50dá aos reis a salvação;
quem Sl 140.7;2Sm 18.7livra da espada maligna a Davi, seu servo.
11 Salva-me e livra-me da mão de Sl 18.44;54.3estrangeiros,
cuja boca Sl 12.2;41.6profere vaidade,
e cuja Sl 106.26;Gn 14.22;Dt 32.40;Is 44.20direita é direita de falsidade;
12 para que nossos filhos sejam na sua mocidade como Sl 92.12-14;128.3plantas bem desenvolvidas,
e nossas filhas, como Ct 4.4;7.4pedras angulares, lavradas como as de palácio;
13 para que sejam atulhados os nossos Pv 3.9-10celeiros, fornecendo toda sorte de provisões;
para que as nossas ovelhas produzam a milhares e a dezenas de milhares em nossos campos;
14 para que os nossos Pv 14.4bois tirem carros bem carregados;
para que não haja Sl 60.2;2Rs 25.10-11invasão, nem Am 5.3sortida,
nem Is 24.11;Jr 14.2gritos em nossas ruas.
15 Feliz é o povo a quem assim sucede!
Sim Sl 33.12feliz é o povo cujo Deus é Jeová!