1 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။ 2 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ 3 သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ 4 သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ 5 သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
6 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှသောသူတို့အဖို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။ 7 ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။ 8 ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။ယာ၊ ၅:၁၁။9 အစဉ်မပြတ် အပြစ်တင်တော်မူသည် မဟုတ်။ အငြိုးကို အမြဲထားတော်မူသည် မဟုတ်။ 10 ငါတို့ပြစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊ 11 မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ 12 အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။ 13 အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ 14 အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ 15 လူတို့၏နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ 16 လေသည်လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တစ်ဖန် သူ့ကိုမသိရာ။ 17 ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏။ 18 သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
19 ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကိုနှံ့ပြား၏။ 20 တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 21 အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 22 နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။
Salmo de Davi
1 Sl 104.1,35Bendize, minha alma, a Jeová,
e tudo o que há em mim, bendiga o seu Sl 33.21;105.3;145.21;Ez 36.21;39.7santo nome.
2 Bendize, minha alma, a Jeová
Dt 6.12;8.11e não te esqueças de nenhum dos seus benefícios.
3 É ele Sl 86.5;130.8;Êx 34.7;Is 43.25quem perdoa todas as tuas iniquidades;
Sl 30.2;Êx 15.26;Jr 30.17quem sara todas as tuas enfermidades;
4 quem da cova Sl 49.15redime a tua vida;
que te Sl 5.12cerca de benignidade e de ternas misericórdias;
5 quem Sl 107.9;145.16farta de bens a tua boca,
de sorte que a tua mocidade Is 40.31se renova como a águia.
6 Jeová Sl 99.4;146.7executa atos de justiça
e juízos para todos os que estão Sl 12.5oprimidos.
7 Sl 99.7;147.19;Êx 33.13Manifestou os seus caminhos a Moisés
Sl 78.11;106.22os seus feitos, aos filhos de Israel.
8 Jeová é Sl 86.15;Êx 34.6;Nm 14.18;Ne 9.17;Jn 4.2misericordioso e compassivo,
Sl 145.8;Jl 2.13;Na 1.3tardio em se irar e de muita benignidade.
9 Sl 30.5;Is 57.16Não contenderá perpetuamente,
nem para sempre Jr 3.5,12;Mq 7.18reterá a sua ira.
10 Não nos Ed 9.13;Lm 3.22há tratado segundo os nossos pecados,
nem nos tem recompensado segundo as nossas iniquidades.
11 Sl 36.5;57.10Pois como o céu é elevado acima da terra,
tão grande é a sua benignidade para com os que o temem.
12 Quanto dista o Oriente do Ocidente,
tanto tem ele 2Sm 12.13;Is 38.17;Zc 3.9;Hb 9.26apartado de nós as nossas transgressões.
13 Bem Ml 3.17como um pai se compadece de seus filhos,
assim Jeová se compadece dos que o temem.
14 Pois ele Is 29.16conhece a nossa estrutura,
Sl 78.39lembra-se de que Gn 3.19;Ec 12.7somos pó.
15 Quanto ao homem, os seus dias são Sl 90.5;Is 40.6;1Pe 1.24como relva;
qual a Jó 14.21;Tg 1.10-11flor do campo, assim ele floresce.
16 Pois, passando por ela Is 40.7o vento, desaparece,
Jó 7.10;8.18;20.9e o seu lugar não o conhecerá mais.
17 Mas a Sl 25.6benignidade de Jeová é desde a eternidade até a eternidade sobre os que o temem,
e a sua justiça, Sl 105.8;Êx 20.6;Dt 5.10sobre os filhos dos filhos,
18 para com Sl 25.10;Dt 7.9aqueles que guardam a sua aliança
e para com os que se lembram dos seus preceitos para os cumprirem.
19 Jeová estabeleceu nos céus Sl 11.4o seu trono,
Sl 47.2,8;Dn 4.17e o seu reino domina sobre tudo.
20 Bendizei a Jeová, vós, Sl 148.2seus anjos;
vós, Sl 29.1;78.25poderosos em força, que Mt 6.10executais o seu mandado,
Sl 91.11;Hb 1.14obedecendo à voz da sua palavra.
21 Bendizei a Jeová, vós, Sl 148.2;1Rs 22.19;Ne 9.6;Lc 2.13todas as suas hostes;
vós, Sl 104.4ministros seus, que executais o seu beneplácito.
22 Bendizei a Jeová, vós, Sl 145.10todas as suas obras,
em todos os lugares do seu domínio.
Bendize, minha alma, a Jeová.