1 အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။ 2 ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။ 3 ကိုယ်တော်၏လူစုတစ်ဖက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော်ကွယ်ကာတော်မူသော သူတို့တစ်ဖက်၌ တိုင်ပင်ကြပါ၏။ 4 ဣသရေလ၏နာမကို နောက်တစ်ဖန် အောက်မေ့စရာမရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟု ဆိုကြပါ၏။ 5 သဘော တညီတညွတ်တည်းတိုင်ပင်၍၊ ကိုယ်တော်တစ်ဖက်၌ အချင်းချင်းသင်းဖွဲ့သောသူ ဟူမူကား။ 6 ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊ 7 ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။ 8 အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
9 မိဒျန်အမျိုးကိုလည်းကောင်း၊ ခိရှုန်ချောင်းနားမှာ သိသရမင်းနှင့် ယာဘိန်မင်းကိုလည်းကောင်းပြုသကဲ့သို့ သူတို့ကို ပြုတော်မူပါ။သူကြီး၊ ၇:၁-၂၃၊၄:၆-၂၂။10 ထိုသူတို့သည် အင်္ဒေါရအရပ်၌ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။ 11 ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဖို့သိမ်းယူကြကုန်အံ့ဟုဆိုသော ဩရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊သူကြီး၊ ၇:၂၅၊ ၈:၁၂။12 ဤသူတို့၏မှူးမတ်များကိုလည်းကောင်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကိုလည်းကောင်း ဖြစ်စေတော်မူပါ။ 13 အကျွန်ုပ်၏ဘုရားသခင်၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ လေတိုက်၍လွင့်သော ဖွဲ့ကဲ့သို့လည်းကောင်း သူတို့ကိုဖြစ်စေတော်မူပါ။ 14 တောကို မီးရှို့သကဲ့သို့လည်းကောင်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့လည်းကောင်း၊ 15 ထိုနည်းတူ၊ မိုးသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ခြောက်လှန့်တော်မူပါ။ 16 အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။ 17 စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ 18 ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။
Canção ou Salmo de Asafe
1 Ó Deus, Sl 28.1;35.22não guardes silêncio;
Sl 109.1não te cales, nem fiques quieto, ó Deus.
2 Pois eis que os teus inimigos Sl 2.1;Is 17.12fazem tumultos,
e os que te odeiam Jz 8.28;Zc 1.21alçam a cabeça.
3 Formam Sl 64.2;Is 29.15planos cavilosos contra o teu povo
e, juntos, consultam contra Sl 27.5;31.20os teus protegidos.
4 Eles dizem: Vinde, e Sl 74.8;Et 3.6;Jr 48.2destruamo-los para que não constituam nação;
assim, não será lembrado mais Sl 41.5o nome de Israel.
5 Pois, juntos e unânimes, Sl 2.2;Dn 6.7se têm consultado
e contra ti fazem aliança
6 as tendas de 2Cr 20.10;Sl 137.7Edom e os Gn 25.12-16ismaelitas,
2Cr 20.10Moabe e os 1Cr 5.10hagarenos;
7 Js 13.5;Ez 27.9Gebal, 1Sm 15.2Amom e 1Sm 4.1;29.1Amaleque;
a Ez 27.3;Am 1.9Filístia, com os habitantes de Tiro.
8 A 2Rs 15.19Assíria também está aliada com eles;
têm auxiliado Dt 2.9aos filhos de Ló. (Selá)
9 Faze-lhes como Jz 7.22fizeste a Midiã,
como Jz 4.22-23a Sísera, como a Jabim, junto ao rio Quisom,
10 os quais pereceram em En-Dor;
tornaram-se como esterco para a terra.
11 Faze os seus nobres como Jz 7.25a Orebe e a Zeebe
e os seus príncipes, como a Jz 8.21Zebá e a Zalmuna,
12 os quais disseram: 2Cr 20.11Tomemos para nós
Sl 132.13as habitações de Deus.
13 Faze-os, Deus meu, como um Is 17.13turbilhão de pó,
Jó 21.18;Is 40.24;Jr 13.24como palha impelida do vento.
14 Is 9.18Como o fogo que queima um bosque,
e como a chama Êx 19.18;Dt 32.22que abrasa os montes,
15 assim, persegue-os Sl 58.9;Jó 9.17com a tua procela
e amedronta-os com o teu furacão.
16 Sl 109.29;132.18;Jó 10.15Cobre-lhes o rosto de confusão,
de sorte que busquem o teu nome, ó Jeová.
17 Sl 35.4;70.2Sejam envergonhados e conturbados para sempre,
sejam confundidos e pereçam,
18 para que saibam que Sl 86.10;Is 45.21só tu, cujo nome é Jeová,
Sl 9.2;18.13;97.9és o Altíssimo sobre toda a terra.