1 အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသောအခါ ရှောင်၍နေတော်မမူပါနှင့်။ 2 ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကားသံကြောင့်လည်းကောင်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည်တမ်းလျက် နေရပါ၏။ 3 သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုသက်ရောက်စေ၍၊ ဒေါသစိတ်နှင့် မုန်းကြပါ၏။ 4 အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။ 5 ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။ 6 ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက်နေလိမ့်မည်။ 7 ဝေးစွာသွား၍ တောမှာနေရာကျလိမ့်မည်။ 8 ပြင်းစွာသော မိုးသက်မုန်တိုင်းနှင့် လွတ်ခြင်းငှာ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
9 အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက်ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ။ 10 မြို့ရိုးပေါ်မှာ နေ့ညမပြတ် သူတို့သည်လည်ကြပါ၏။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောင့်ယှက်ခြင်းအမှုရှိကြပါ၏။ 11 အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏။ 12 ငါ့ကိုကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ်လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကိုငါရှောင်နိုင်၏။ 13 ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။ 14 အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ။ ဘုရားသခင်၏အိမ်တော်သို့ လူအစုအဝေးနှင့် အတူသွားကြပြီ။ 15 သူတို့ကို သေမင်းဖမ်းဆီးပါစေ။ အသက်ရှင်လျက် မရဏနိုင်ငံသို့ ဆင်းသက်ကြပါစေ။ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ၏။
16 ငါမူကား၊ ဘုရားသခင်ကိုပတ္ထနာပြု၍၊ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။ 17 ညဉ့်ဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည်ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။ 18 ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနုတ်၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌နေသောသူ အများရှိကြ၏။ 19 ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ။ 20 ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကိုပြစ်မှား၍ သစ္စာပျက်တတ်၏။ 21 သူ၏စကားသည် ထောပတ်ထက်ချောသော်လည်း၊ စစ်တိုက်မည်ဟု အကြံရှိ၏။ သူ၏စကားသည် ဆီထက်ပျော့သော်လည်း၊ ထုတ်သောဓားဖြစ်၏။
22 ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။ 23 အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူအသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တစ်ဝက်ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံပါမည်။
Ao cantor-mor. Sobre instrumentos de cordas. Masquil de Davi
1 Sl 54.2;61.1;86.6Dá ouvidos, ó Deus, à minha oração;
Sl 27.9e não te escondas da minha súplica.
2 Sl 66.19;86.6-7Atende-me a mim e responde-me.
Agitado estou no meu Sl 64.1;77.3;142.2;1Sm 1.16;Jó 9.27queixar e Is 38.14;59.11;Ez 7.16ando perplexo,
3 por causa da voz do inimigo,
em consequência Sl 17.9da opressão do iníquo.
2Sm 16.7-8Porque lançam sobre mim iniquidade,
Sl 71.11;143.3e, com ira, me perseguem.
4 Sl 38.8O meu coração confrange-se dentro de mim,
e terrores de Sl 18.4-5;116.3morte caem sobre mim.
5 Temor e Sl 119.120tremor são vindos sobre mim,
e acabrunha-me Jó 21.6;Is 21.4;Ez 7.18o horror.
6 Disse eu: Oxalá que eu tivesse asas como pomba!
Então, voaria e Jó 3.13descansaria.
7 Eis que eu fugiria para longe;
eu 1Sm 23.14pousaria no deserto. (Selá)
8 Apressar-me-ia a um abrigo
Is 4.6;25.4;29.6do vento tempestuoso e da procela.
9 Destrói, Senhor, e Gn 11.9divide as suas línguas,
porque vejo Sl 11.5;Jr 6.7violência e contenda na cidade.
10 Andam dia e noite ao redor dela, por cima dos seus muros;
também iniquidade e malícia estão no meio dela.
11 Sl 5.9Há destruição no meio dela,
e das suas ruas não se apartam Sl 10.7;17.9vexame e dolo.
12 Porquanto não é um inimigo que me ultraja;
tê-lo-ia então suportado;
nem é o que me odeia quem Sl 35.26se exalta contra mim;
ter-me-ia, então, escondido dele;
13 mas és tu, homem meu igual,
meu companheiro e Sl 41.9;Jó 19.14meu amigo íntimo.
14 A sós, nos entretínhamos em suaves práticas
e, com a multidão, Sl 42.4andávamos na Casa de Deus.
15 Apanhe-os, Sl 64.7;Pv 6.15;Is 47.11;1Ts 5.3de súbito, a morte;
Nm 16.30,33desçam vivos a Sheol;
porque há maldade na morada deles, no seu íntimo.
16 Quanto a mim, Sl 57.2-3invocarei a Deus;
e Jeová me salvará.
17 Sl 141.2;Dn 6.10;At 3.1;10.3,30De tarde, Sl 5.3;88.13;92.2de manhã e ao At 10.9meio-dia, me queixarei e lamentarei;
e ele ouvirá a minha voz.
18 Ele, para paz, Sl 103.4remiu a minha alma, a fim de que se não aproximem de mim,
pois havia Sl 56.2muitos que contendiam contra mim.
19 Deus Sl 78.59ouvirá e lhes responderá
(Aquele que está entronizado Sl 90.2;93.2;Dt 33.27desde a eternidade.) (Selá)
a eles, para quem não há Jó 10.17mudanças,
e que não Sl 36.1temem a Deus.
20 Tal homem estende as mãos sobre os que Sl 7.4;120.7estavam em paz com ele;
Sl 89.34;Nm 30.2profanou a sua aliança.
21 Sl 12.2;28.3;Pv 5.3-4Macia era a sua boca como manteiga,
mas o seu coração respirava guerra.
As suas palavras eram mais Sl 57.4;59.7brandas que azeite;
contudo, eram elas espadas desembainhadas.
22 Sl 37.5;1Pe 5.7Lança sobre Jeová a tua carga, e ele te sustentará;
jamais permitirá que o justo Sl 15.5;112.6seja abalado.
23 Tu, porém, ó Deus, os farás descer Sl 73.18;Is 38.17;Ez 28.8ao poço da perdição.
Sl 5.6Homens sanguinários e fraudulentos não Jó 15.32;Pv 10.27chegarão à metade dos seus dias.
Mas, quanto a mim, eu Sl 25.2;56.3confiarei em ti.