(ဆာ၊ —)
1 အို ဘုရားရှင်၊ ကိုယ်တော်သည်ကာလအစဉ်အဆက် အကျွန်ုပ်တို့ခိုလှုံရာ ဖြစ်တော်မူ၏။ 2 တောင်များကို မဖော်၊ မြေကြီးနှင့် လောကဓာတ်ကိုဖန်ဆင်းတော်မမူမီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။ 3 လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။ 4 ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။၂ပေ၊၃:၈။5 လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည် မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။ 6 နံနက်အချိန်၌ကား၊ ပွင့်လန်း၍တိုးပွားပါ၏။ ညဉ့်ဦးအချိန်၌ကား၊ ရိတ်၍ ညှိုးနွမ်းပါ၏။ 7 အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။ 8 အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ ဝှက်ထားသောအကျင့်များကို မျက်နှာတော် အလင်းထဲ၌လည်းကောင်း၊ လှန်ထားတော်မူ၏။ 9 အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။ 10 အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ 11 အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။ 12 အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။
13 အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော်၏ကျွန်တို့အတွက် နာကြင်သောစိတ် ရှိတော်မူပါ။ 14 အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။ 15 အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးသနားတော်မူပါ။ 16 အမှုတော်သည် ကိုယ်တော်၏ကျွန်တို့အားလည်းကောင်း၊ ဘုန်းတော်သည် သားမြေးတို့အားလည်းကောင်း ထင်ရှားပါစေသော။ 17 အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်း၊ အကျွန်ုပ်တို့အဖို့ မြဲမြံစေတော်မူပါ။
LIVRO IV
Oração de #Dt 33.1Moisés, homem de Deus
1 Senhor, tu tens sido a nossa Sl 71.3;91.1;Dt 33.27;Ez 11.16morada
de geração em geração.
2 Antes que nascessem Jó 15.7;Pv 8.25os montes
ou que tivesses Sl 102.25;104.5;Gn 1.1formado a terra e o mundo,
desde a Sl 93.2;102.24,27;Jr 10.10eternidade até a eternidade, tu és Deus.
3 Tu Sl 104.29;Gn 3.19;Jó 34.14-15reduzes os mortais ao pó
e dizes: Tornai-vos, filhos dos homens.
4 Pois 2Pe 3.8mil anos aos teus olhos
são como o Sl 39.5dia de ontem, ao findar-se,
e como Êx 14.24;Jz 7.19vigília noturna.
5 Tu os Jó 22.16;27.20arrebatas, como por uma torrente, são eles Jó 20.8qual um sono.
De manhã são como a Sl 103.15;Is 40.6relva que cresce,
6 de manhã, Jó 14.2brota e cresce;
de tarde, é Sl 92.7;Mt 6.30ceifada e Tg 1.11seca.
7 Pois somos Sl 39.11consumidos pela tua ira
e, pela tua cólera, somos conturbados.
8 Diante de ti, Sl 50.21;Jr 16.17puseste as nossas iniquidades
à Sl 19.12;Ec 12.14luz do teu rosto, os nossos pecados secretos.
9 Pois Sl 78.33todos os nossos dias se passam na tua ira;
gastamos os nossos anos como um suspiro.
10 Os dias da nossa vida elevam-se a setenta anos
ou, em caso de vigor, a 2Rs 19.35oitenta anos.
O que lhes faz o orgulho é Ec 12.2-7;Jr 20.18enfado e miséria,
porque depressa passa, e Sl 78.39;Jó 20.8voamos.
11 Quem conhece o Sl 76.7poder da tua ira
e a tua cólera, segundo o Ne 5.9temor que te é devido a ti?
12 Sl 39.4;Dt 32.29Ensina-nos a contar os nossos dias,
de sorte que Pv 2.1-6alcancemos um coração sábio.
13 Sl 6.4;80.14Volta, Jeová, Sl 6.3;74.10até quando?
Sl 106.45;135.14;Êx 32.12;Dt 32.36;Am 7.3,6;Jn 3.9E tem compaixão dos teus servos.
14 Sl 36.8;65.4;103.5;Jr 31.14Sacia-nos de manhã com a tua benignidade,
para que cantemos de júbilo e Sl 31.7;85.6nos alegremos em todos os nossos dias.
15 Sl 86.4Alegra-nos por tantos dias quantos nos tens afligido
e Sl 31.10;Dt 2.14-16pelos anos em que temos visto a adversidade.
16 Apareçam aos teus servos Sl 44.1;77.12;92.4;Dt 32.4;Hc 3.2as tuas obras,
e 1Rs 8.11;Is 6.3a tua glória, sobre seus filhos.
17 Seja sobre nós a Sl 27.4graça do Senhor, nosso Deus.
Sl 37.23;Is 26.12;1Co 3.7Estabelece tu sobre nós as obras das nossas mãos,
sim, a obra das nossas mãos, estabelece-a.