1 ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သောစကားကို နားထောင်ကြလော့။ 2 ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဖော်ပြပေအံ့။မ၊ ၁၃:၃၅။3 ဘိုးဘေးတို့သည်ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊ 4 သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကိုလည်းကောင်း၊ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ ဖြစ်လတ္တံ့သောသူတို့အား ဖော်ပြကြမည်။
5 အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။ 6-8 သဘောမဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကိုစောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတ္တံ့သောအမျိုးတည်းဟူသော၊ ဖွားမြင်လတ္တံ့သောသားတို့သည် သိနားလည်၍၊ နောက်တစ်ဖန် မြေးမြစ်တို့အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ။
9 ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။ 10 ဘုရားသခင်၏သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။ 11 အမှုတော်တို့ကိုလည်းကောင်း၊ ပြတော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း မေ့လျော့ကြ၏။ 12 အဲဂုတ္တုပြည်၊ ဇောနအရပ်တွင် သူတို့အဘများမျက်မှောက်၌ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ထွ၊ ၇:၈-၁၂:၃၂။13 ပင်လယ်ကိုခွဲ၍ သူတို့ကို လျှောက်သွားစေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မူ၏။ထွ၊ ၁၄:၂၁:၂၂။14 နေ့အချိန်၌ကား၊ မိုးတိမ်ဖြင့်လည်းကောင်း၊ ညအချိန်၌ကား တစ်ညလုံး မီးအလင်းဖြင့်လည်းကောင်း သူတို့ကို လမ်းပြတော်မူ၏။ထွ၊ ၁၃:၂၁-၂၂။15 တော၌ ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူ၏။ 16 ကျောက်ထဲကစီးသော ရေကိုထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။
17 ထိုသူတို့မူကား၊ အမြင့်ဆုံးသောဘုရားကို တော၌ပုန်ကန်သောအားဖြင့် တိုး၍ ပြစ်မှားကြ၏။ 18 မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ၏။ထွ၊ ၁၆:၂-၁၅၊တော၊ ၁၁:၄-၂၃၊ ၃၁-၃၅။19 ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။ 20 ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင်သလော။ မိမိလူတို့အဖို့ အမဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။ 21 ထိုစကားကို ထာဝရဘုရားသည်ကြား၍ အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌မီးလောင်၍၊ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။ 22-25 အကြောင်းမူကား၊ အထက်မိုးတိမ်တို့ကိုမှာထားလျက်၊ ကောင်းကင်တံခါးတို့ကိုဖွင့်၍၊ သူတို့စားစရာဖို့ မန္နကို မိုးရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့၏အစာကိုသုံးဆောင်၍၊ ဝပြောစွာစားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်းကျေးဇူးကို မကိုးစားဘဲနေကြ၏။ယော၊ ၆:၃၁။26 မိုးကောင်းကင်၌ အရှေ့လေကိုပယ်၍၊ အားကြီးသော တောင်လေကိုဆောင်ခဲ့သဖြင့်၊ 27 သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ၊ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ မိုးရွာစေလျက်၊ 28 သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။ 29 ထိုသို့ သူတို့အလိုရှိသည်အတိုင်းပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။ 30 သူတို့ တပ်မက်သောအစာကို မရောင့်ရဲမီစားကြစဉ်တွင်၊ 31 ဘုရားသခင်၏အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကိုကွပ်မျက်၍၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ၏။
32 ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဖွယ်သောအမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ။ ပြစ်မှားလျက်နေကြသေး၏။ 33 ထိုကြောင့် သူတို့နေ့ရက်ကာလကို အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော်မူ၏။ 34 သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော်ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကို လိုက်ရှာကြ၏။ 35 ဘုရားသခင်သည် သူတို့၏ကျောက်၊ အမြင့်ဆုံးသောဘုရားသည် သူတို့ကို ကယ်တင်သောအရှင် ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။ 36 သို့သော်လည်း၊ ကိုယ်တော်ကို နှုတ်ဖြင့်ချော့မော့၍၊ လျှာဖြင့်လည်း မုသားစကားကို လျှောက်ဆိုကြ၏။ 37 သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌ မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။တ၊ ၈:၂၁။38 ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကိုမဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။ 39 သူတို့သည် အသားဖြစ်ကြောင်းကိုလည်းကောင်း၊ စုတေ၍ နောက်တစ်ဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကိုလည်းကောင်း အောက်မေ့တော်မူ၏။
40 သူတို့သည် ကိုယ်တော်ကိုတော၌ပုန်ကန်၍၊ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဖွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။ 41 ဘုရားသခင်ကိုအဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား။ 42 တန်ခိုးတော်ကိုလည်းကောင်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကိုလည်းကောင်း မအောက်မေ့ကြ။ 43 အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကိုလည်းကောင်း၊ ဇောနအရပ်၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ပြုတော်မူ၏။ 44 ထိုပြည်သားတို့သည် ရေမသောက်ရမည်အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။ထွ၊ ၇:၁၇-၂၁။45 သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကိုလည်းကောင်း၊ ဖျက်ဆီးတတ်သော ဖားတို့ကိုလည်းကောင်း စေလွှတ်တော်မူ၏။ထွ၊ ၈:၂၀-၂၄၊၈:၁-၆။46 သူတို့၏မြေအသီးအနှံကို ခါသိလကျိုင်းတို့အားလည်းကောင်း၊ သူတို့လုပ်၍ရသောဥစ္စာကို အရာဘကျိုင်းတို့အားလည်းကောင်း ပေးတော်မူ၏။ထွ၊ ၁၀:၁၂-၁၅။47 သူတို့စပျစ်နွယ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့သဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။ 48 သူတို့၏သိုးနွားများကို မိုးသီး၌လည်းကောင်း၊ ပြုစုသောတိရစ္ဆာန်များကို မီး၌လည်းကောင်း အပ်တော်မူ၏။ထွ၊ ၉:၂၂-၂၅။49 အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသောတမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏။ 50 အမျက်တော်ဖို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှာ ကာလနာသို့ အပ်နှံသဖြင့်၊ 51 အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကိုလည်းကောင်း၊ ဟာမသားတို့နေရာအရပ်၌ အထွတ်အမြတ်များကိုလည်းကောင်း ဒဏ်ခတ်တော်မူ၏။ထွ၊ ၁၂:၂၉။52 မိမိလူများကိုကား၊ သိုးကဲ့သို့ထွက်စေ၍၊ တော၌သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။ထွ၊ ၁၃:၁၇-၂၂။53 ဘေးနှင့်ကင်းလွတ်အောင်ဆောင်တော်မူသဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။ထွ၊ ၁၄:၂၆-၂၈။54 သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင်လည်းကောင်း၊ လက်ယာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့လည်းကောင်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။ထွ၊ ၁၅:၁၇၊ယောရှု၊ ၃:၁၄-၁၇။55 သူတို့ရှေ့မှာလည်း၊ တစ်ပါးအမျိုးသားတို့ကိုနှင်ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့သည် အမွေခံရသောမြေကိုတာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။ယောရှု၊ ၁၁:၁၆-၂၃။
56 သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသောဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူချက်များကို မစောင့်ဘဲ၊သူကြီး၊ ၂:၁၁-၁၅။57 ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍သစ္စာကို ဖျက်ကြ၏။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ၏။ 58 သူတို့သည် မြင့်သောအရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောင့်ယှက်ကြ၏။ 59 ဘုရားသခင်သည် ကြားသိတော်မူလျှင်၊ အမျက်တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာသဖြင့်၊ 60 ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသောအရပ်ကို စွန့်တော်မူ၏။ယောရှု၊ ၁၈:၁၊ယေ၊ ၇:၁၂-၁၄၊၂၆:၆။61 တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှာလည်းကောင်း၊ ဘုန်းတော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှာလည်းကောင်း စီရင်တော်မူ၏။၁ ရာ၊ ၄:၄-၂၂။62 မိမိလူတို့ကိုလည်း ဓားဘေး၌အပ်၍၊ အမွေတော်ကို အမျက်ထွက်တော်မူ၏။ 63 လူပျိုတို့သည် မီးလောင်ခြင်းကို ခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။ 64 ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ဆုံးသော်လည်း၊ မုဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။
65 ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူကဲ့သို့လည်းကောင်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသော သူရဲကဲ့သို့လည်းကောင်း နိုးတော်မူ၏။ 66 ရန်သူတို့ကိုဒဏ်ခတ်၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။ 67 သို့ရာတွင်၊ ယောသပ်၏တဲတော်ကို ငြင်းပယ်၍ ဧဖရိမ်အမျိုးကို ရွေးတော်မမူ။ 68 ယုဒအမျိုးကိုလည်းကောင်း၊ ချစ်တော်မူသော ဇိအုန်တောင်ကိုလည်းကောင်း ရွေးတော်မူ၏။ 69 သန့်ရှင်းရာဌာနတော်ကို အထွတ်ကဲ့သို့တည်ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။ 70 ကျွန်တော်မျိုးဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူတော်မူ၏။ 71 သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှနုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေတော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်းငှာ ခန့်ထားတော်မူ၏။၁ ရာ၊ ၁၆:၁၁-၁၂၊၂ ရာ၊ ၇:၈၊၅ ရာ၊ ၁၇:၇။72 ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး၍၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ၏။
Masquil de Asafe
1 Is 51.4Escutai, povo meu, a minha lei;
Is 55.3inclinai os vossos ouvidos às palavras da minha boca.
2 Sl 49.4;Mt 13.35Abrirei numa parábola a minha boca,
Pv 1.6proferirei enigmas tirados dos tempos antigos.
3 As coisas que temos ouvido e sabido
Sl 44.1e que nossos pais nos têm contado,
4 Sl 145.4;Êx 12.26;Dt 11.19;Jó 15.18;Is 38.19;Jl 1.3não as ocultaremos a seus filhos,
narrando Sl 22.30às gerações vindouras os louvores de Jeová,
e a sua força, e Sl 26.7;71.17;Jó 37.16as maravilhas que ele tem obrado.
5 Porque ele estabeleceu um Sl 19.7;81.5;Is 8.20testemunho em Jacó
e instituiu Sl 147.19uma lei em Israel,
as quais coisas Dt 6.4-9mandou a nossos pais
que as Dt 4.9fizessem conhecer a seus filhos,
6 para que a soubesse a geração vindoura, a saber, Sl 22.31os filhos que houvessem de nascer,
os quais se levantassem e Dt 11.19as contassem a seus filhos;
7 a fim de que pusessem a sua confiança em Deus
Dt 4.9;6.12;8.14e não se esquecessem das obras de Deus,
Dt 4.2;5.1-29;27.1;Js 22.5mas guardassem os seus mandamentos;
8 2Cr 30.7;Ez 20.18e que não fossem como seus pais,
Dt 9.7,24;31.27;Jz 2.19;Is 30.9geração contumaz e rebelde;
geração Sl 78.37;Jó 11.13que não regeu bem o coração,
e cujo espírito Sl 51.10não foi fiel a Deus.
9 Os filhos de Efraim, 1Cr 12.2armados de arcos,
Sl 78.57;Jz 20.39bateram em retirada no dia da batalha.
10 Jz 2.20;1Rs 11.11;2Rs 18.12Não guardaram a aliança de Deus
e recusaram Sl 119.1;Jr 32.23;44.10,23andar na sua lei;
11 Sl 106.13esqueceram-se dos seus feitos
e das obras maravilhosas que ele lhes tinha mostrado.
12 Sl 106.22;Êx 7.12Maravilhas fez ele à vista de seus pais,
na terra do Egito, Sl 78.43;Nm 13.22;Is 19.11;30.4;Ez 30.14no campo de Zoã.
13 Sl 74.13;136.13;Êx 14.21Dividiu o mar e fê-los passar;
fez parar as águas Sl 33.7;Êx 15.8como um montão.
14 Sl 105.39;Êx 13.21Também os guiou, de dia, por uma nuvem
e, durante a noite toda, por Êx 14.24um clarão de fogo.
15 Sl 105.41;114.8;Êx 17.6;Is 48.21;1Co 10.4Fendeu rochas no deserto
e deu-lhes a beber abundantemente como de abismos.
16 Nm 20.8,10-11Fez sair da penha torrentes
e fez correr águas como rios.
17 Todavia, ainda prosseguiram em pecar contra ele,
Dt 9.22;Is 63.10rebelando-se contra o Altíssimo no deserto.
18 Sl 78.41,56;95.9;106.14;Dt 6.16;1Co 10.9Tentaram a Deus nos seus corações,
Nm 11.4pedindo comida segundo o seu apetite.
19 Falaram contra Deus,
disseram: Êx 16.3;Nm 11.4;20.3;21.5Porventura, pode Deus preparar uma mesa no deserto?
20 Eis que Sl 78.15-16feriu a rocha, e brotaram águas,
e torrentes trasbordaram.
Pode ele também dar pão?
Acaso, fornecerá Nm 11.18carne ao seu povo?
21 Portanto, Jeová, ao ouvir isso, Nm 11.1ficou irado.
Acendeu-se fogo contra Jacó,
também se levantou ira contra Israel;
22 porque Dt 1.32;9.23;Hb 3.18não creram em Deus
e não confiaram na sua salvação.
23 Contudo, ordenou às nuvens lá em cima
Gn 7.11;Ml 3.10e abriu as portas do céu;
24 sobre eles Êx 16.4fez chover maná para comer
e deu-lhes do Sl 105.40;Jo 6.31trigo do céu.
25 Comeu cada qual o pão dos poderosos;
ele lhes enviou comida Êx 16.3a fartar.
26 Nm 11.31Fez soprar no céu o vento do Oriente
e, pelo seu poder, conduziu o vento sul.
27 Sobre eles fez também chover carne como poeira
Sl 105.40;Êx 16.13e aves de asas, como areia dos mares;
28 fê-las cair no meio do arraial deles,
ao redor das suas habitações.
29 Assim, eles Nm 11.19-20comeram e se fartaram bem,
pois ele lhes trouxe o que cobiçavam.
30 Não se apartavam da sua cobiça.
Ainda a comida lhes estava na boca,
31 quando Nm 11.33-34;Jó 20.23a ira de Deus se levantou contra eles,
matou Is 10.16dos mais vigorosos deles
e prostrou os mancebos de Israel.
32 Apesar de tudo isso Nm 14.16-17continuaram a pecar
Nm 14.11e não creram nas suas maravilhas.
33 Por isso, Nm 14.29,35acabou com os dias deles em um sopro,
e os anos, num terror repentino.
34 Quando ele os fazia morrer, então, Nm 21.7;Os 5.15o buscavam;
voltavam e, Sl 63.1de manhã, procuravam a Deus.
35 Lembraram-se de que Deus era a sua Dt 32.4Rocha,
e o Deus Altíssimo, o seu Sl 74.2;Êx 15.13;Dt 9.26Redentor.
36 Eles, porém, o Êx 24.7-8;Ez 33.31lisonjeavam com a sua boca
e, com a sua língua, lhe Êx 32.7-8;Is 57.11mentiam.
37 Pois o coração deles não Sl 51.10;78.8era constante para com ele,
nem eram fiéis na sua aliança.
38 Mas ele é Êx 34.6cheio de compaixão, Nm 14.20revela a iniquidade e não destrói;
muitas vezes, desvia a sua ira
e não dá largas a todo o seu furor.
39 Sl 103.14;Jó 10.9Lembrava-se de que eles eram Gn 6.3carne,
Jó 7.7;Sl 103.14;Tg 4.14um vento que passa e não volta mais.
40 Quantas vezes se Sl 106.43;107.11rebelaram contra ele no deserto
e o Sl 95.10;Is 63.10;Ef 4.30agravaram no Sl 106.14ermo!
41 Eles voltaram, e Nm 14.22tentaram a Deus,
e provocaram Sl 89.18;2Rs 19.22o Santo de Israel.
42 Jz 8.34Não se lembraram Sl 44.3do poder dele,
nem do dia em que os Sl 106.10remiu do adversário;
43 de como fez no Egito Sl 105.27os seus sinais
e os seus Êx 4.21;7.3prodígios, no campo de Zoã,
44 Sl 105.29convertendo em sangue os rios deles
e as suas correntes, para que delas não bebessem.
45 Enviou-lhes enxames de Sl 105.31;Êx 8.24moscas, que os devoraram,
Sl 105.30;Êx 8.6e rãs, que os destruíram.
46 Entregou Sl 105.34;1Rs 8.37às lagartas as novidades deles
e aos Êx 10.14gafanhotos, os frutos do seu trabalho.
47 Destruiu com Sl 105.32;Êx 9.23saraiva as vinhas deles
e os seus sicômoros, com chuva de pedra.
48 Entregou à saraiva o Êx 9.19gado deles
e aos raios, os seus rebanhos.
49 Sobre eles Êx 15.7lançou o furor da sua ira,
cólera, indignação e calamidade —
tropel de anjos importadores de males.
50 Deu livre curso à sua ira;
Jó 27.22não poupou da morte a alma deles,
Êx 12.29-30mas a sua vida a entregou à pestilência.
51 Sl 105.36;135.8;136.10Feriu todos os primogênitos no Egito,
Gn 49.3primícias da força deles nas tendas de Sl 105.23,27;106.22Cam.
52 Mas ele Êx 15.22fez partir o seu povo como ovelhas
e guiou-os no deserto Sl 77.20como um rebanho.
53 Conduziu-os Êx 14.19-20em segurança, de modo que não tiveram medo;
mas aos seus inimigos, Sl 106.11;Êx 14.27-28o mar os submergiu.
54 Êx 15.17Levou-os à sua santa fronteira,
Sl 68.16;Is 11.9a região montanhosa que a sua destra adquirira.
55 Sl 44.2Expulsou as nações de diante deles
e fez que elas lhes caíssem Sl 105.11;135.12;Js 23.4em herança
e que as tribos de Israel habitassem nas tendas delas.
56 Contudo, Sl 78.18tentaram, e Sl 78.40resistiram ao Deus Altíssimo,
e não guardaram os seus testemunhos.
57 Mas voltaram para trás, e Ez 20.28se houveram traiçoeiramente como seus pais,
e desviaram-se como um arco enganoso.
58 Pois o Dt 4.25;1Rs 14.9;Is 65.3provocaram à ira com os Lv 26.30;1Rs 3.2;2Rs 16.4;Jr 17.3seus altos
e o Dt 32.16,21;1Rs 14.22incitaram a zelos com as suas Êx 20.4;Lv 26.1;Dt 4.25imagens de escultura.
59 Quando Deus ouviu isso, Sl 106.40;Dt 1.34;9.19ficou indignado
e sobremaneira Lv 26.30;Dt 32.19;Am 6.8abominou a Israel;
60 de sorte que Sl 78.67;1Sm 4.11;Jr 7.12,14;26.6abandonou o tabernáculo de Siló,
a tenda que estabeleceu entre os homens,
61 dando ao cativeiro Sl 63.2;132.8a sua força
e 1Sm 4.17às mãos do adversário, a sua glória.
62 Jz 20.21;1Sm 4.10Entregou à espada o seu povo
e rompeu em cólera contra a sua herança.
63 Aos mancebos deles, Nm 11.1;21.28;Is 26.11;Jr 48.45devorou-os o fogo,
e as suas Jr 7.34;16.9;Lm 2.21donzelas não foram festejadas com canto nupcial.
64 Os seus 1Sm 4.17;22.18sacerdotes caíram à espada,
e as suas Jó 27.15;Ez 24.23viúvas não fizeram pranto.
65 Então, o Senhor Sl 44.23;73.20despertou, como quem acaba de dormir,
como um Is 42.13valente que brada, excitado pelo vinho.
66 1Sm 5.6Fez recuar a golpes os seus adversários,
infligiu-lhes eterna ignomínia.
67 Demais, Sl 78.60rejeitou a tenda de José
e não escolheu a tribo de Efraim;
68 mas elegeu a tribo de Judá,
Sl 87.2;132.13o monte Sião que ele amou.
69 1Rs 6.1-38Edificou o seu santuário como os lugares elevados,
como a terra que para sempre fundou.
70 1Sm 16.12Escolheu a Davi, seu servo,
e o tirou dos currais das ovelhas.
71 2Sm 7.8 Tirou-o de andar atrás de ovelhas e Gn 33.13suas crias,
2Sm 5.2;1Cr 11.2;28.9para apascentar a Jacó, seu povo, e a Israel, 1Sm 10.1sua herança.
72 Assim, ele os apascentou segundo a 1Rs 9.4integridade do seu coração
e os guiou com a perícia das suas mãos.