Sion öröme a háború idején Isten által lett szabadulás felett
1 A Kóráh fiainak zsoltáréneke. 2 Nagy az Úr és igen dicséretes a mi Istenünknek városában, az ő szentséges hegyén. 3 Szépen emelkedik az egész föld öröme, a Sion hegye, a szélső észak felé, a nagy királynak városa. 4 Isten van az ő palotáiban, ismeretes ott, mint menedék. 5 Mert ímé, a királyok összegyűltek, de tovatüntek együttesen. 6 Meglátták ők, legott elcsodálkoztak; megijedtek, elriadtak. 7 Rémület fogta el ott őket, fájdalom, a milyen a szülőasszonyé; 8 A keleti széllel összezúzod Tarsis hajóit. 9 A miként hallottuk, akként láttuk a Seregek Urának városában, a mi Istenünk városában; örökre megerősítette azt az Isten! Szela. 10 A te kegyelmedről elmélkedünk oh Isten a te templomodnak belsejében. 11 A milyen a neved oh Isten, olyan a te dicséreted a föld határáig; igazsággal teljes a te jobbod. 12 Örül Sion hegye, ujjonganak Júda leányai a te ítéletedért. 13 Vegyétek körül a Siont, kerüljétek meg azt, számláljátok meg tornyait. 14 Jól nézzétek meg sánczait, járjátok be palotáit, hogy elmondhassátok a jövendő nemzedéknek: 15 Bizony ez az Isten a mi Istenünk mindörökké, ő vezet minket mindhalálig!
ထာဝရဘုရား၏မြို့တော်ဇိအုန်
1 ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏မြို့တော်တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။ 2 မြေကြီးတစ်ပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင်ထိပ်သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။မ၊ ၅:၃၅။3 ထိုမြို့၏ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံရသည်ကို သိရ၏။
4 ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူလျှောက်သွားကြ၏။ 5 မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။ 6 ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ရောက်၍ သားဖွားသောမိန်းမခံရသကဲ့သို့ ဝေဒနာရှိကြ၏။ 7 တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။
8 ငါတို့သည် ကြားဖူးသည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏မြို့တော်၌ တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲ တည်စေတော်မူမည်။ 9 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။ 10 အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်းတိုင်အောင်နှံ့ပြားသည်နည်းတူ၊ ဂုဏ်အသရေတော်လည်း နှံ့ပြားလျက်ရှိ၏။ လက်ယာလက်တော်သည် ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။ 11 တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည်ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။ 12 သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်မြို့ကို ပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။ 13 ရင်တားတို့ကိုမှတ်၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။ 14 အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတ္တံ့သတည်း။