Isten bíró még e földön!
1 Az éneklőmesternek az altashétre; Dávid miktámja. 2 Avagy valóban a néma igazságot szólaltatjátok-é meg? Avagy igazán ítéltek-é ti embernek fiai? 3 Sőt inkább hamisságot forgattok a ti szívetekben! a ti kezeiteknek hamisságát méritek e földön. 4 Eltértek a gonoszok fogantatásuk óta; tévelygenek a hazugok anyjok méhétől kezdve. 5 Mérgök olyan, mint a kígyónak mérge; mint a siket áspisé, a mely füleit bedugja. 6 A mely nem hallja a bűbájosoknak szavát, sem a bűvölőét, a ki bűbájakban jártas. 7 Isten, rontsd meg az ő fogaikat az ő szájokban; az oroszlánoknak zápfogait törd össze, Uram! 8 Olvadjanak el, folyjanak széllyel, mint a víz; ha felteszi nyilait, legyenek tompultak azok. 9 Legyenek mint a csiga, a mely szétfolyván, elmúlik; mint az aszszonynak idétlen szülötte, a mely nem látta a napot. 10 Mielőtt megéreznék fazekaitok a tövist, mind nyersen, mind égőn elragadja azt a forgószél. 11 Örül az igaz, mikor látja a bosszúállást; lábait mossa a gonosznak vérében. 12 És azt mondja az ember: Bizonyára van jutalma az igaznak; bizony van ítélő Isten e földön!
လူဆိုးတို့ကိုဒဏ်ခတ်ရန်ဆုတောင်း
1 အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။ 2 တရားသဖြင့် စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသောအကြံကို ကြံစည်၍ မြေကြီးပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ်ကြ၏။ 3 မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းက လမ်းလွှဲ၍ မုသားစကားကို ပြောတတ်ကြ၏။ 4 သူတို့အဆိပ်သည် မြွေအဆိပ်နှင့် တူ၏။ နားပင်းသောမြွေဆိုးသည် မိမိနားကိုပိတ်၍၊ 5 လိမ္မာသောအလမ္ပယ်မြွက်ဆိုသော မန္တရားစကားကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
6 အိုဘုရားသခင်၊ သူတို့ပါးစပ်ထဲမှာ သွားများကိုချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ။ 7 ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြပါစေသော။ လေးကိုတင်သောအခါ မြားတို့သည် ကျိုးသကဲ့သို့ ဖြစ်ကြပါစေသော။ 8 ခရုသည်သွားစဉ်တွင် ရွေ့လျော့သကဲ့သို့လည်းကောင်း၊ ပျက်သောကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။ 9 ဆူးပင်နှင့် မွေးသောမီးပူမှန်းကို အိုးတို့သည်မသိမီ၊ အသက်ရှင်သောဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေပွေတိုက်သွားပါစေသော။ 10 ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။ 11 သူတစ်ပါးကလည်း၊ ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏။ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူသည်ဟု ဝန်ခံကြပါလိမ့်မည်။