Isten dicsérete, ki az istenteleneket megbünteti, a kegyeseket megáldja
1 Zsoltár, ének szombat napra. 2 Jó dolog dicsérni az Urat, és éneket mondani a te nevednek, oh Felséges! 3 Hirdetni jó reggel a te kegyelmedet, és éjjelente a te hűséges voltodat. 4 Tíz húrú hegedűvel és lanttal, hárfán való zengedezéssel. 5 Mert megvidámítottál engem Uram a te cselekedeteddel, a te kezednek műveiben örvendezem. 6 Mely nagyok Uram a te műveid, igen mélységesek a te gondolataid! 7 A balgatag ember nem tudja, a bolond pedig nem érti meg ezt: 8 Hogy mikor felsarjaznak a gonoszok, mint a fű, és virágoznak mind a hamisság cselekedők, mindörökké elveszszenek ők; 9 Te pedig Uram, magasságos vagy örökké! 10 Mert ímé, a te ellenségeid elvesznek, és elszélednek mind a hamisság cselekedők! 11 De magasra növeszted az én szarvamat, mint az egyszarvúét; elárasztatom csillogó olajjal. 12 És legeltetem szememet az én ellenségeimen, és az ellenem támadó gonosztevőkön mulat majd a fülem. 13 Az igaz virágzik, mint a pálmafa, növekedik, mint a czédrus a Libánonon. 14 Plánták ők az Úrnak házában; a mi Istenünknek tornáczaiban virágzanak. 15 Még a vén korban is gyümölcsöznek; kövérek és zöldellők lesznek; 16 Hogy hirdessék, hogy igazságos az Úr, az én kősziklám, és hogy nincsen hamisság benne!
ထောမနာသီချင်း
ဥပုသ်နေ့အဖို့ ဆာလံသီချင်း။
1 ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း၍၊ 2 အမြင့်ဆုံးသောဘုရား၏နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှာလည်းကောင်း၊ 3 စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကိုတီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်းပြခြင်းငှာလည်းကောင်း လျောက်ပတ်ပေ၏။ 4 အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။ 5 အို ထာဝရဘုရား၊ စီရင်တော်မူသောအမှုတို့သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန်နက်လှပါ၏။ 6 တိရစ္ဆာန်သဘောရှိသောသူမသိ၊ မိုက်သောသူ နားမလည်သောအမှုအရာဟူမူကား၊ 7 မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း။ 8 ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူသော ထာဝရဘုရားဖြစ်တော်မူ၏။ 9 အိုထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။ 10 အကျွန်ုပ်၏ချိုကိုကား၊ ကြံ့ချိုကဲ့သို့ ချီးမြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။ 11 အကျွန်ုပ်၏ရန်သူတို့ကို အကျွန်ုပ်မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
12 ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။ 13 ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏ တံတိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ 14 အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။ 15 ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။