Emberé a munka, Istené az áldás
1 Grádicsok éneke Salamontól. Ha az Úr nem építi a házat, hiába dolgoznak azon annak építői. Ha az Úr nem őrzi a várost, hiába vigyáz az őriző. 2 Hiába néktek korán felkelnetek, későn feküdnötök, fáradsággal szerzett kenyeret ennetek! Szerelmesének álmában ád eleget. 3 Ímé, az Úrnak öröksége, a fiak; az anyaméh gyümölcse: jutalom. 4 Mint a nyilak a hősnek kezében, olyanok a serdülő fiak. 5 Boldog ember, a ki ilyenekkel tölti meg tegzét; nem szégyenülnek meg, ha ellenséggel szólnak a kapuban.
အိမ်ထောင်၏ကောင်းချီး
1 ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ 2 စောစောထလျက်၊ ညနက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော်လည်း အကျိုးမရှိ။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
3 ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။ 4 အသက်ပျိုစဉ်၊ ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသော မြားကဲ့သို့ ဖြစ်ကြ၏။ 5 မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။