A késedelmező segítség után való vágy az ellenség nyomása alatt. Isten jóságában bízó reménység
1 Az éneklőmesternek; Dávid zsoltára. 2 Uram, meddig felejtkezel el rólam végképen? Meddig rejted el orczádat tőlem? 3 Meddig tanakodjam lelkemben, bánkódjam szívemben naponként? Meddig hatalmaskodik az én ellenségem rajtam? 4 Nézz ide, felelj nékem, Uram Istenem; világosítsd meg szemeimet, hogy el ne aludjam a halálra; 5 Hogy ne mondja ellenségem: meggyőztem őt; háborgatóim ne örüljenek, hogy tántorgok. 6 Mert én a te kegyelmedben bíztam, örüljön a szívem a te segítségednek; hadd énekeljek az Úrnak, hogy jót tett velem!
ဒုက္ခထဲမှကူမတော်မူရန်ဆုတောင်း
1 အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။ 2 အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက်၊ အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း။ 3 အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင်တော်မူပါ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည်။ 4 အကျွန်ုပ်၏ရန်သူက၊ ငါနိုင်ပြီဟုဆို၍၊ အကျွန်ုပ်ကိုနှောင့်ယှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါလိမ့်မည်။ 5 အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။ 6 အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။