A szent hajlék után való vágyakozás
1 Az éneklőmesternek, a gittitre; Kóráh fiainak zsoltára. 2 Mily szerelmetesek a te hajlékaid, Seregeknek Ura! 3 Kivánkozik, sőt emésztődik lelkem az Úrnak tornáczai után; szívem és testem ujjongnak az élő Isten felé. 4 A veréb is talál házat, és a fecske is fészket magának, a hová fiait helyezhesse, – a te oltáraidnál, oh Seregeknek Ura, én Királyom és én Istenem! 5 Boldogok, a kik lakoznak a te házadban, dicsérhetnek téged szüntelen! Szela. 6 Boldog ember az, a kinek te vagy erőssége, s a te ösvényeid vannak szívében. 7 Átmenvén a Siralom völgyén, forrássá teszik azt; bizony áldással borítja el korai eső. 8 Erőről erőre jutnak, míg megjelennek Isten előtt a Sionon. 9 Uram, Seregeknek Istene! hallgasd meg az én könyörgésemet; hallgasd meg Jákóbnak Istene! Szela. 10 Mi paizsunk! Tekints alá, oh Isten, és lásd meg a te felkented orczáját! 11 Mert jobb egy nap a te tornáczaidban, hogysem ezer másutt; inkább akarnék az én Istenem házának küszöbén ülni, hogysem lakni a gonosznak sátorában! 12 Mert nap és paizs az Úr Isten; kegyelmet és dicsőséget ád az Úr, nem vonja meg a jót azoktól, a kik ártatlanul élnek. 13 Seregeknek Ura! Boldog ember az, a ki bízik benned.
ဘုရားသခင်၏အိမ်တော်ကိုတသခြင်း
1 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာအရပ်ဌာနတို့သည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါသည်တကား၊ 2 ထာဝရဘုရား၏တံတိုင်းတော်တို့ကို အကျွန်ုပ်၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူသော ဘုရားသခင်ကိုအလိုရှိ၍ ကြွေးကြော်ပါ၏။ 3 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကယ်စင်စစ် ယဇ်ပလ္လင်တော်တို့အနားမှာ စာငှက်သည် နေရာအရပ်ကိုလည်းကောင်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကိုလည်းကောင်း တွေ့ရပါ၏။ 4 အိမ်တော်၌နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ် ချီးမွမ်းကြပါလိမ့်မည်။
5 ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ၏။ 6 သူတို့သည် ဗာကာလွင်ပြင်၌ လျှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ်ဖြစ်စေကြပါ၏။ အရင် မိုးရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။ 7 သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင့်ထံတော်၌ မျက်နှာပြကြပါ၏။
8 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာစကားကို မှတ်တော်မူပါ။ ယာကုပ်အမျိုး၏ဘုရားသခင်၊ နားထောင်တော်မူပါ။ 9 အကျွန်ုပ်တို့ကိုကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသောသူ၏မျက်နှာကို ထောက်ရှုတော်မူပါ။ 10 တံတိုင်းတော်တို့အတွင်း၌ နေသောတစ်ရက်သည် အခြားအရပ်၌နေသော အရက်တစ်ထောင်ထက် သာ၍ကောင်းပါ၏။ မတရားသောသူ၏နေရာ၌ နေရသောအခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။ 11 ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ 12 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။