Isten testi és lelki áldásainak dicsérete
1 Dicsérjétek az Urat! Hiszen Istenünkről énekelni jó; hiszen őt dicsérni gyönyörűséges és illendő dolog! 2 Az Úr építi Jeruzsálemet, összegyűjti Izráelnek elűzötteit; 3 Meggyógyítja a megtört szívűeket, és bekötözi sebeiket. 4 Elrendeli a csillagok számát, és mindnyájokat nevéről nevezi. 5 Nagy a mi Urunk és igen hatalmas, s bölcseségének nincsen határa. 6 Megtartja az Úr a nyomorultakat; a gonoszokat földig megalázza. 7 Énekeljetek az Úrnak hálaadással, pengessetek hárfát a mi Istenünknek! 8 A ki beborítja az eget felhővel, esőt készít a föld számára, és füvet sarjaszt a hegyeken; 9 A ki megadja táplálékát a baromnak, a holló-fiaknak, a melyek kárognak. 10 Nem paripák erejében telik kedve, nem is a férfi lábszáraiban gyönyörködik; 11 Az őt félőkben gyönyörködik az Úr, a kik kegyelmében reménykednek. 12 Dicsőitsd Jeruzsálem az Urat! Dicsérd, oh Sion, a te Istenedet! 13 Mert erősekké teszi kapuid zárait, s megáldja benned a te fiaidat. 14 Békességet ád határaidnak, megelégít téged a legjobb búzával. 15 Leküldi parancsolatát a földre, nagy hirtelen lefut az ő rendelete! 16 Olyan havat ád, mint a gyapjú, és szórja a deret, mint a port. 17 Darabokban szórja le jegét: ki állhatna meg az ő fagya előtt? 18 Kibocsátja szavát s szétolvasztja őket; megindítja szelét s vizek folydogálnak. 19 Közli igéit Jákóbbal, törvényeit s végzéseit Izráellel. 20 Nem tesz így egyetlen néppel sem; végzéseit sem tudatja velök. Dicsérjétek az Urat!
ယေရုရှလင်အတွက်ချီးမွမ်းခြင်း
1 ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျောက်ပတ်သည်ဖြစ်၍၊ ထောမနာသီချင်းဆိုကြလော့။ 2 ထာဝရဘုရားသည် ယေရုရှလင်မြို့ကိုတည်ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသားတို့ကို စုဝေးစေတော်မူ၏။ 3 စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏အနာကို ကုတော်မူ၏။ 4 ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။ 5 ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်းကြီး၏။ ဉာဏ်တော်သည် အနန္တဖြစ်၏။ 6 ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာလှဲတော်မူ၏။
7 ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရားရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ဘုရားသခင်ကို ထောမနာသီချင်း ဆိုကြလော့။ 8 ကောင်းကင်ကို မိုးတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဖို့ မိုးရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကို ပေါက်စေတော်မူ၏။ 9 မြည်တတ်သောကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။ 10 မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်ခြင်းကို အားရနှစ်သက်တော်မူခြင်းမရှိ။ 11 ကြောက်ရွံ့သောသူနှင့် ကရုဏာတော်ကိုမျှော်လင့်သောသူတို့ကို ထာဝရဘုရား နှစ်သက်တော်မူ၏။
12 အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်းလော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။ 13 အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်းချီးပေးတော်မူ၏။ 14 သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကိုငြိမ်းစေ၍၊ အကောင်းဆုံးသောစပါးနှင့် သင့်ကိုဝစွာ ကျွေးမွေးတော်မူ၏။ 15 မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကိုလွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။ 16 မိုးပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။ 17 မိမိမိုးသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ်တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင်သနည်း။ 18 တစ်ဖန် နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုးပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။ 19 နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။ 20 အခြားတစ်ပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေလုယ။