Isten örök hűsége
1 Dicsérjétek az Urat! Dicsérd én lelkem az Urat! 2 Dicsérem az Urat, a míg élek; éneklek az én Istenemnek, a míg vagyok. 3 Ne bízzatok a fejedelmekben, emberek fiában, a ki meg nem menthet! 4 Kimegyen a lelke; visszatér földébe, és aznapon elvesznek az ő tervei. 5 Boldog, a kinek segítsége a Jákób Istene, és reménysége van az Úrban, az ő Istenében; 6 A ki teremtette az eget és földet, a tengert és mindent, a mi bennök van. A ki megtartja a hűségét örökké; 7 Igazságot szolgáltat az elnyomottaknak, eledelt ád az éhezőknek. Az Úr megszabadítja az elfogottakat. 8 Az Úr megnyitja a vakok szemeit, az Úr felegyenesíti a meggörnyedteket; szereti az Úr az igazakat. 9 Megoltalmazza az Úr a jövevényeket; árvát és özvegyet megtart, és a gonoszok útját elfordítja. 10 Uralkodni fog az Úr örökké, a te Istened, oh Sion, nemzedékről nemzedékre! Dicsérjétek az Urat!
ကယ်တင်ရှင်သခင်ကိုချီးမွမ်းခြင်း
1 အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။ 2 ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။ 3 မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ 4 သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ 5 ယာကုပ်အမျိုး၏ ဘုရားသခင် မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။ 6 ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။တ၊ ၄:၂၄၊၁၄:၁၅။7 ညှဉ်းဆဲခြင်းကိုခံရသောသူတို့အား တရားပြုတော်မူ၏။ ငတ်မွတ်သောသူတို့ကို ကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကိုခံရသောသူတို့ကို လွှတ်တော်မူ၏။ 8 ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။ 9 ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မတော်မူ၍၊ မုဆိုးမနှင့် မိဘမရှိသောသူတို့ကို ထောက်မတော်မူ၏။ မတရားသောသူတို့၏လမ်းကိုကား၊ ကွေ့ကောက်စေတော်မူ၏။ 10 အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတ္တံ့သတည်း။ ဟာလေလုယ။