Isten mindenhatósága, a bálványok tehetetlensége
1 Dicsérjétek az Urat!
Dicsérjétek az Úrnak nevét, dicsérjétek szolgái az Úrnak! 2 A kik álltok az Úrnak házában, Istenünk házának pitvaraiban. 3 Dicsérjétek az Urat, mert jó az Úr; zengjétek nevét, mert gyönyörűséges! 4 Mert kiválasztá magának az Úr Jákóbot, Izráelt a saját örökségéül. 5 Én bizony tudom, hogy nagy az Úr, és a mi Urunk minden istennél különb. 6 Mind megteszi az Úr, a mit akar: az egekben és a földön, a vizekben és minden mélységben. 7 Felemeli a felhőket a földnek széléről; villámlást készít, hogy eső legyen, s szelet hoz elő tárházaiból. 8 A ki megverte Égyiptom elsőszülötteit, az emberétől a baroméig. 9 Jeleket és csodákat küldött rád, oh Égyiptom, Faraóra és összes szolgáira. 10 A ki megvert sok népet, és megölt erős királyokat: 11 Szíhont, az Emoreusok királyát, meg Ógot, a Básán királyát, és Kanaánnak minden királyát. 12 És odaadta földüket örökségül; örökségül saját népének, Izráelnek. 13 Uram! Örökkévaló a te neved; nemzedékről nemzedékre emlegetnek téged. 14 Mert birája az Úr az ő népének, és könyörületes az ő szolgái iránt.
15 A pogányok bálványai ezüst és arany, emberi kezek alkotásai. 16 Szájok van, de nem beszélnek, szemeik vannak, de nem látnak; 17 Füleik vannak, de nem hallanak, és lehellet sincsen szájokban! 18 Hasonlók lesznek hozzájuk alkotóik is, és mindazok, a kik bíznak bennök. 19 Izráel háznépe: áldjátok az Urat! Áronnak háznépe: áldjátok az Urat! 20 Lévinek háznépe: áldjátok az Urat! Kik félik az Urat: áldjátok az Urat! 21 Áldott az Úr a Sionon, a ki Jeruzsálemben lakozik! Dicsérjétek az Urat!
ထောမနာသီချင်း
1 ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။ 2 ထာဝရဘုရား၏အိမ်တော်၊ ငါတို့ ဘုရားသခင်၏အိမ်တော်တံတိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ကျွန်တော်တို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ 3 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့သောအမှုသည် တင့်တယ်လျောက်ပတ်ပေ၏။ 4 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ကိုယ်တော်အဖို့လည်းကောင်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော် ဖြစ်စေခြင်းငှာလည်းကောင်း ရွေးကောက်တော်မူပြီ။
5 ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော်မူကြောင်းကို ငါသိ၏။ 6 ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။ 7 မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏။ မိုးနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။ 8 အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။ 9 အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှစ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာသက်သေ၊ အံ့ဖွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။ 10,11 အာမောရိပြည်ကိုအစိုးရသော ရှိဟုန်မင်း၊ ဗာရှန်ပြည်ကို အစိုးရသော ဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြားသော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊ 12 သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူဣသရေလအမျိုးအား အမွေကိုပေးချေတော်မူ၏။ 13 အိုထာဝရဘုရား၊ ကိုယ်တော်၏အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ 14 ထာဝရဘုရားသည် မိမိကျွန်တို့၏အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
15 သာသနာပလူတို့ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။ 16 ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ 17 နားရှိ၍ မကြားတတ်။ သူတို့ပါးစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။ 18 လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။ဆာ၊ ၁၁၅:၄-၈။ ဗျာ၊ ၉:၂၀။19 အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ 20 အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 21 ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော်မူစေသတည်း။ ဟာလေလုယ။