တိုင်းတစ်ပါးတွင်မြည်တမ်းခြင်း
1 ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကိုအောက်မေ့လျက် ငိုကြွေးကြ၏။ 2 ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုးမခပင်တို့၌ ဆွဲထားကြ၏။ 3 အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဖမ်းသွားချုပ်ထားသောသူနှင့်၊ ငါတို့ကို ညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အားဆိုကြလော့ဟု၊ သီချင်းဆိုသံကိုလည်းကောင်း၊ ရွှင်လန်းသောအသံကိုလည်းကောင်း ငါတို့၌ တောင်းကြပါသည်တကား။ 4 တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။ 5 အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ယာလက်သည် မိမိအတတ်ကိုမေ့ပါစေ။ 6 သင့်ကို ငါမအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။
7 အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။ 8 ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည် ငါတို့၌ပြုသည်အတိုင်း၊ သင်၌ အပြစ်ကို ဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။ 9 သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာဆောင့်သောသူသည် မင်္ဂလာရှိ၏။ဗျာ၊ ၁၈:၆။
1 By the rivers of Babylon,
There we sat down, yea, we wept,
When we remembered Zion.
2 Upon the willows in the midst thereof
We hanged up our harps.
3 For there they that led us captive required of us songs,
And they that wasted us required of us mirth, saying,
Sing us one of the songs of Zion.
4 How shall we sing Jehovah’s song
In a foreign land?
5 If I forget thee, O Jerusalem,
Let my right hand forget her skill.
6 Let my tongue cleave to the roof of my mouth,
If I remember thee not;
If I prefer not Jerusalem
Above my chief joy.
7 Remember, O Jehovah, against the children of Edom
The day of Jerusalem;
Who said, Rase it, rase it,
Even to the foundation thereof.
8 O daughter of Babylon, that art to be destroyed,
Happy shall he be, that rewardeth thee
As thou hast served us.
9 Happy shall he be, that taketh and dasheth thy little ones
Against the rock.
Domínio Público. Esta tradução bíblica de domínio público é trazida a você por cortesia de eBible.org.