ကူမတော်မူရန်ဆုတောင်း
1 အကျွန်ုပ်၏ကျောက်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲနေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူကဲ့သို့ ဖြစ်ရပါမည်။ 2 အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ် တောင်းလျှောက်သောအသံကို နားထောင်တော်မူပါ။ 3 အိမ်နီးချင်း၏အကျိုးကို ဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ်သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။ 4 သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့်အလျောက် စီရင်တော်မူပါ။ဗျာ၊ ၂၂:၁။5 သူတို့သည် ထာဝရဘုရား၏အမှုတော်ကိုလည်းကောင်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကိုလည်းကောင်း မမှတ်ကြသောကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
6 ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 7 ငါတောင်းလျှောက်သောအသံကို နားထောင်တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကိုငါချီးမွမ်းမည်။ 8 ထာဝရဘုရားသည် မိမိလူစု၏ခွန်အားဗလဖြစ်တော်မူ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။ 9 ကိုယ်တော်၏လူစုကိုကယ်တင်၍၊ အမွေတော်ကို ကောင်းချီးမင်္ဂလာပေးတော်မူပါ။ သူတို့ကို အုပ်ထိန်း၍၊ ထာဝရချီးမြှောက်ခြင်း ရှိစေတော်မူပါ။
A Psalm of David.
1 Unto thee, O Jehovah, will I call:
My rock, be not thou deaf unto me;
Lest, if thou be silent unto me,
I become like them that go down into the pit.
2 Hear the voice of my supplications, when I cry unto thee,
When I lift up my hands toward thy holy oracle.
3 Draw me not away with the wicked,
And with the workers of iniquity;
That speak peace with their neighbors,
But mischief is in their hearts.
4 Give them according to their work, and according to the wickedness of their doings:
Give them after the operation of their hands;
Render to them their desert.
5 Because they regard not the works of Jehovah,
Nor the operation of his hands,
He will break them down and not build them up.
6 Blessed be Jehovah,
Because he hath heard the voice of my supplications.
7 Jehovah is my strength and my shield;
My heart hath trusted in him, and I am helped:
Therefore my heart greatly rejoiceth;
And with my song will I praise him.
8 Jehovah is their strength,
And he is a stronghold of salvation to his anointed.
9 Save thy people, and bless thine inheritance:
Be their shepherd also, and bear them up for ever.
Domínio Público. Esta tradução bíblica de domínio público é trazida a você por cortesia de eBible.org.