ထာဝရဘုရားသာလျှင်ကွယ်ကာရာ
1 အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါ့ကို ကယ်တင်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။ 2 အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော်မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။ 3 သင်တို့သည် အဘယ်မျှကာလပတ်လုံး တစ်ယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသောအုတ်ရိုး၊ လှုပ်သော ထရံကဲ့သို့မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက်ကြမည်နည်း။ 4 ထိုသူကို မြင့်သောအရပ်က လှဲခြင်းငှာ ကြံစည်လျက်နေကြ၏။ မုသားကိုနှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းချီးကိုပေးလျက်၊ နှလုံး၌ကား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။
5 အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။ 6 အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။ 7 ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။ 8 အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်တော်မူ၏။
9 အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေရှိသောသူတို့သည် မုသားဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက်သာ၍ပေါ့ကြ၏။ 10 ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။ 11 ဘုရားသခင်သည် တစ်ကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူကား၊ တန်ခိုးသည် ဘုရားသခင်၌ရှိ၏။ 12 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။ယောဘ၊ ၃၄:၁၁၊ယေ၊ ၁၇:၁၀၊မ၊ ၁၆:၂၇၊ရော၊ ၂:၆၊ဗျာ၊ ၂:၂၃။
For the Chief Musician; after the manner of Jeduthun. A Psalm of David.
1 My soul waiteth in silence for God only:
From him cometh my salvation.
2 He only is my rock and my salvation:
He is my high tower; I shall not be greatly moved.
3 How long will ye set upon a man,
That ye may slay him, all of you,
Like a leaning wall, like a tottering fence?
4 They only consult to thrust him down from his dignity;
They delight in lies;
They bless with their mouth, but they curse inwardly. [Selah
5 My soul, wait thou in silence for God only;
For my expectation is from him.
6 He only is my rock and my salvation:
He is my high tower; I shall not be moved.
7 With God is my salvation and my glory:
The rock of my strength, and my refuge, is in God.
8 Trust in him at all times, ye people;
Pour out your heart before him:
God is a refuge for us. [Selah
9 Surely men of low degree are vanity, and men of high degree are a lie:
In the balances they will go up;
They are together lighter than vanity.
10 Trust not in oppression,
And become not vain in robbery:
If riches increase, set not your heart thereon.
11 God hath spoken once,
Twice have I heard this,
That power belongeth unto God.
12 Also unto thee, O Lord, belongeth lovingkindness;
For thou renderest to every man according to his work.
Domínio Público. Esta tradução bíblica de domínio público é trazida a você por cortesia de eBible.org.