ကူမတော်မူရန်ဆုတောင်း
1 အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ 2 အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင်ဖြစ်သော အကျွန်ုပ်၏ဝိညာဉ်ကို စောင့်မ၍၊ ကိုယ်တော်ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင်တော်မူပါ။ 3 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။ 4 အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။
5 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသောသူအပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။ 6 အို ထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသောစကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည်ကာလ၊ ကိုယ်တော်ကို ခေါ်ပါမည်။ 7 ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။ 8 အို ထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့်တူသော ဘုရားမရှိပါ။ အမှုတော်နှင့်တူသော အမှုလည်းမရှိပါ။ 9 အို ထာဝရဘုရား၊ ဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ ပျပ်ဝပ်၍၊ နာမတော်ကို ချီးမြှောက်ကြပါလိမ့်မည်။ဗျာ၊ ၁၅:၄။10 ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဩဖွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင် ဖြစ်တော်မူ၏။
11 အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။ 12 အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။ 13 အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ၏။ အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံအောက်အရပ်ထဲက ကယ်နုတ်တော်မူပြီ။ 14 အို ဘုရားသခင်၊ မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြ၍၊ ကြမ်းတမ်းသော လူအစုအဝေးတို့သည် ကိုယ်တော်ကိုမျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။ 15 အို ထာဝရဘုရား၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။ 16 အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။ ကိုယ်တော်၏ကျွန်အား တန်ခိုးတော်ကိုပေး၍၊ ကိုယ်တော်၏ ကျွန်မသားကို ကယ်တင်တော်မူပါ။ 17 အကျွန်ုပ်အား ကောင်းသောနိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုမစ၍ ချမ်းသာပေးတော်မူ၏။
1 Salmo dos filhos de Coré. Cântico.
2 O Senhor ama a cidade que fundou nos montes santos; ele prefere as portas de Sião às tendas de Jacó.
3 De ti se anuncia um glorioso destino, ó cidade de Deus.
4 Ajuntarei Raab e Babilônia aos que me honram; eis a Filisteia e Tiro com a Etiópia, lá todos nasceram.
5 Será dito de Sião: "Um por um, todos esses homens nela nasceram; foi o próprio Altíssimo quem a fundou".
6 O Senhor inscreverá então no registro dos povos: "Aquele também nasceu em Sião".
7 E cantarão entre danças: "Todas as minhas fontes se acham em ti".