နိုင်ငံ၏အကျိုးစီးပွားအတွက်ဆုတောင်း
1 အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော်ကို စိတ်နှင့်တွေ့တော်မူ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။ 2 ကိုယ်တော်၏လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။ 3 စိတ်တော်ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။ 4 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ တစ်ဖန် အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍၊ ထွက်ဖူးသောအမျက်တော်ကို ငြိမ်းစေတော်မူပါ။ 5 အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည်လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော်မူမည်လော။ 6 ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို အမှီပြု၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တစ်ဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည် မဟုတ်လော။ 7 အိုထာဝရဘုရား၊ အကျွန်ုပ်တို့အားကရုဏာတော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော်မူပါ။
8 ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တစ်ဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။ 9 ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်းကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏အနီးသို့ ဧကန်အမှန် ရောက်လေပြီ။ 10 ကရုဏာနှင့်သစ္စာ ဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တစ်ပါးကိုတစ်ပါး နမ်းကြပြီ။ 11 သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။ 12 အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ 13 တရားသည်ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။
1 Oração de Davi. Inclinai, Senhor, vossos ouvidos e atendei-me, porque sou pobre e miserável.
2 Protegei minha alma, pois vos sou fiel; salvai o servidor que em vós confia. Vós sois meu Deus;
3 tende compaixão de mim, Senhor, pois a vós eu clamo sem cessar.
4 Consolai o coração de vosso servo, porque é para vós, Senhor, que eu elevo minha alma.
5 Porquanto vós sois, Senhor, clemente e bom, cheio de misericórdia para quantos vos invocam.
6 Escutai, Senhor, a minha oração; atendei à minha suplicante voz.
7 Neste dia de angústia é para vós que eu clamo, porque vós me atendereis.
8 Não há entre os deuses um que se vos compare, Senhor; não existe obra semelhante à vossa.
9 Todas as nações que criastes virão adorar-vos, e glorificar o vosso nome, ó Senhor.
10 Porque vós sois grande e operais maravilhas, só vós sois Deus.
11 Ensinai-me vosso caminho, Senhor, para que eu ande na vossa verdade. Dirigi meu coração para que eu tema o vosso nome.
12 De todo o coração eu vos louvarei, ó Senhor, meu Deus, e glorificarei o vosso nome eternamente.
13 Porque vossa misericórdia foi grande para comigo, arrancastes minha alma das profundezas da região dos mortos.
14 Ó Deus, os soberbos se levantaram contra mim, uma turba de prepotentes odeia a minha vida, eles que nem vos têm presente ante os olhos.
15 Mas vós, Senhor, sois um Deus bondoso e compassivo; lento para a ira, cheio de clemência e fidelidade.
16 Olhai-me e tende piedade de mim, dai ao vosso servo a vossa força, salvai o filho de vossa escrava.
17 Dai-me uma prova de vosso favor, a fim de que verifiquem meus inimigos, para sua confusão, que sois vós, Senhor, meu sustento e meu consolo.