ကူမတော်မူရန်အော်ဟစ်ခြင်း
1 အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။ 2 ခြေနင်းရာမရှိ။ နက်လှသောရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သောရေထဲသို့ ရောက်ပါပြီ။ 3 အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ။ 4 အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက် များကြပါ၏။ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသောဥစ္စာကိုပင် ပြန်ပေးရပါ၏။ဆာ၊ ၃၅:၁၉။ ယော၊ ၁၅:၂၅။
5 အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။ 6 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကိုယ်တော်ကို ရှာသောသူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။
7 ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကိုခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။ 8 ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တစ်မိတည်းသော ပေါက်ဖော်တို့တွင်၊ တစ်ကျွန်းတစ်နိုင်ငံသား ဖြစ်ခဲ့ပါပြီ။ 9 ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။ယော၊ ၂:၁၇၊ရော၊ ၁၅:၃။10 အကျွန်ုပ်သည်ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ 11 လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။ 12 ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တစ်ဖက်မှာပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဖွဲ့၍ ဆိုတတ်ကြပါ၏။
13 အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ 14 အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှလည်းကောင်း၊ နက်သောရေထဲကလည်းကောင်း လွှတ်ပါစေသော။ 15 ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။ 16 အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာပြတော်မူပါ။ 17 ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင်တော်မူပါ။ 18 အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။ 19 အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။ 20 ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်းရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။ 21 အကျွန်ုပ်စားစရာဖို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။မ၊ ၂၇:၄၈။ မာ၊ ၁၅:၃၆။ လု၊ ၂၃:၂၆။ ယော၊ ၁၉:၂၈-၂၉။22 သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်လည်းကောင်း၊ ခံထိုက်သောအပြစ်သော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း ဖြစ်ပါစေ။ရော၊ ၁၁:၉-၁၀။23 သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။ 24 သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မီပါစေ။ 25 သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ သူတို့အိမ်၌နေသောသူ မရှိပါစေနှင့်။တ၊ ၁:၂၀။26 အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။ 27 သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။ 28 အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကိုချေ၍၊ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမမှတ်ပါစေနှင့်။ထွ၊ ၃၂:၃၂၊ဗျာ၊ ၃:၅၊၁၃:၈၊၁၇:၈။29 အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်းကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။
30 ငါသည် ဘုရားသခင်၏နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ 31 ထာဝရဘုရားသည် ချိုနှင့်လည်းကောင်း၊ ခွာနှင့်လည်းကောင်း ပြည့်စုံသောနွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။ 32 နှိမ့်ချသောသူတို့သည်မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသောသူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်။ 33 ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။ 34 ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သောသတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။ 35 ဘုရားသခင်သည် ဇိအုန်မြို့ကိုစောင့်၍၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့်၊ ထိုသူတို့သည်နေ၍ ပိုင်ရကြလိမ့်မည်။ 36 ကျွန်တော်မျိုး၏သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍၊ နာမတော်ကို ချစ်သောသူတို့သည်နေရာ ကျရကြလိမ့်မည်။
1 Ao mestre de canto. De Davi. Para servir de lembrança.
2 Comprazei-vos, ó Deus, em me livrar; depressa, Senhor, vinde em meu auxílio.
3 Sejam confundidos e humilhados os que odeiam a minha vida. Recuem e corem de vergonha os que se comprazem com meus males.
4 Afastem-se, cobertos de confusão, os que me dizem: "Ah! Ah!".
5 Pelo contrário, exultem e se alegrem em vós todos os que vos procuram. Que repitam sem cessar: "Glória ao Senhor!", aqueles que desejam vosso auxílio.
6 Quanto a mim, sou pobre e desvalido. Socorrei-me, ó Deus, sois meu protetor e libertador. Senhor, não tardeis mais.