Um coro de aleluia
1 Louvai ao Senhor.
Louvai ao Senhor desde os céus,
louvai-o nas alturas.
2 Louvai-o, todos os seus anjos;
louvai-o, todos os seus exércitos.
3 Louvai-o, sol e lua;
louvai-o, todas as estrelas
luzentes.
4 Louvai-o, céus dos céus,
e as águas que estão
sobre os céus.
5 Louvem o nome do Senhor,
pois mandou,
e logo foram criados.
6 E os confirmou eternamente
para sempre,
e lhes deu um decreto
que não ultrapassarão.
7 Louvai ao Senhor desde a terra:
vós, baleias,
e todos os abismos;
8 Fogo e saraiva, neve e vapores,
e vento tempestuoso
que executa a sua palavra;
9 Montes e todos os outeiros,
árvores frutíferas
e todos os cedros;
10 As feras e todos os gados,
répteis e aves voadoras;
11 Reis da terra e todos os povos,
príncipes e todos os juízes
da terra;
12 Moços e moças,
velhos e crianças.
13 Louvem o nome do Senhor,
pois só o seu nome é exaltado;
a sua glória está
sobre a terra e o céu.
14 Ele também exalta o poder
do seu povo,
o louvor de todos os seus santos,
dos filhos de Israel,
um povo que lhe é chegado.
Louvai ao Senhor.
Almeida Corrigida Fiel | acf ©️ 1994, 1995, 2007, 2011 Sociedade Bíblica Trinitariana do Brasil (SBTB). Todos os direitos reservados. Texto bíblico utilizado com autorização. Saiba mais sobre a SBTB. A Missão da SBTB é: Uma cópia da Bíblia Fiel ®️ para cada pessoa. Ajude-nos a cumprir nossa Missão!
ဘဝဂ်ပေါ်မှာချီးမွမ်းရန်
1 ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။ 2 ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ ချီးမွမ်းကြလော့။ 3 နေလတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။ 4 ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့၊ ချီးမွမ်းကြလော့။ 5 ထိုအရာတို့ကို အမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။ 6 ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
7 မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ၊ 8 မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊ 9 တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသော အပင်၊ အာရဇ်ပင်ရှိသမျှ၊ 10 သားရဲနှင့် သားယဉ်အပေါင်း၊ တွားတတ်သောတိရိစ္ဆာန်နှင့် ပျံတတ်သောငှက် အစရှိသော၊ 11 လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သားအပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊ 12 လူပျိုနှင့် အပျိုများ၊ လူအိုနှင့် လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ 13 နာမတော်တစ်ပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။ 14 မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ်တော်မူ၏။ ဟာလေလုယ။