A vanidade da vida
Ao mestre de canto, Jedutum. Salmo de Davi
1 Eu disse: Guardarei os meus caminhos para não pecar com a minha língua;
guardarei a boca
com um freio,
enquanto o ímpio
estiver diante
de mim.
2 Com o silêncio fiquei mudo;
calava-me mesmo acerca do bem,
e a minha dor se agravou.
3 Esquentou-se-me o coração dentro de mim;
enquanto eu meditava se acendeu um fogo;
então falei
com a minha
língua:
4 Faze-me conhecer, Senhor, o meu fim,
e a medida dos meus dias qual é,
para que
eu sinta quanto
sou frágil.
5 Eis que fizeste os meus dias como a palmos;
o tempo
da minha vida é como nada diante de ti;
na verdade, todo homem,
por mais firme
que esteja,
é totalmente vaidade.
(Selá.)
6 Na verdade, todo homem anda numa vã aparência;
na verdade, em vão se inquietam;
amontoam riquezas,
e não sabem
quem as levará.
7 Agora, pois, Senhor,
que espero eu? A minha esperança está em ti.
8 Livra-me de todas as minhas transgressões;
não me faças
o opróbrio
dos loucos.
9 Emudeci; não abro a minha boca,
porquanto tu o fizeste.
10 Tira de sobre mim a tua praga;
estou desfalecido
pelo golpe da tua mão.
11 Quando castigas o homem,
com repreensões por causa da iniquidade,
fazes com
que a sua beleza se consuma como a traça;
assim todo
homem é vaidade.
(Selá.)
12 Ouve, Senhor, a minha oração,
e inclina os teus ouvidos ao meu clamor;
não te cales perante as minhas lágrimas,
porque sou um
estrangeiro contigo
e peregrino,
como todos os
meus pais.
13 Poupa-me, até que tome alento,
antes que me vá,
e não seja
mais.
Almeida Corrigida Fiel | acf ©️ 1994, 1995, 2007, 2011 Sociedade Bíblica Trinitariana do Brasil (SBTB). Todos os direitos reservados. Texto bíblico utilizado com autorização. Saiba mais sobre a SBTB. A Missão da SBTB é: Uma cópia da Bíblia Fiel ®️ para cada pessoa. Ajude-nos a cumprir nossa Missão!
ကိုယ်တော်၌မျှော်လင့်ခြင်း
1 ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း၊ ကိုယ်အကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ်၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြောထား၏။ 2 စကားမပြောဘဲ အလျက်နေ၏။ ကောင်းသောအရာကိုပင် မပြော။ ထိုသို့နေစဉ်၊ ငါသည် စိတ်ညစ်ညူးခြင်းရှိ၏။ 3 ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ၏။ ငါညည်းတွားစဉ်၊ မီးလောင်လေ၏။ ထိုအခါငါသည် နှုတ်မြွက်၏။
4 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏ လမ်းဆုံးကိုလည်းကောင်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ 5 အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ်လူမည်သည်ကား၊ လူ၏အထွတ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏။ 6 အကယ်စင်စစ်လူသည် အရိပ်၌သာ ကျင်လည်ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏။ ဥစ္စာကိုဆည်းပူးသော်လည်း အဘယ်သူရအံ့သည်ကို မသိရပါ။
7 ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်းရှိပါ၏။ 8 ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ။ မိုက်သောသူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်။ 9 ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့်၊ အကျွန်ုပ်ပြောစရာမရ။ နှုတ်ကို မဖွင့်ဘဲနေရပါ၏။ 10 အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံးမခြင်းကိုခံရ၍ အားကုန်ပါပြီ။ 11 ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့၊ လူတို့၏ တင့်တယ်ခြင်းအသရေကို ပြယ်ပျောက်စေတော်မူ၏။ အကယ်စင်စစ် လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ၏။ 12 အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းခြင်းပတ္ထနာကို ကြားတော်မူပါ။ အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဖူးသကဲ့သို့၊ အကျွန်ုပ်သည် ရှေ့တော်၌ ဧည့်သည်အာဂန္တုဖြစ်၏။ 13 အကျွန်ုပ်သည် ရွေ့သွား၍မပျောက်မီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။